Popular Journal
Credit to Popular Journal - ထိုင်းနိုင်ငံ၊ ဓမ္မကာယကျောင်းတိုက်တွင် လာမည့် ဧပြီ ၂၂ ရက်တွင် ကျောင်းပေါင်း(၄၀,၀၀၀)အား မဟာသံဃဒါနလှူဒါန်းပွဲကြီးကိုကျင်းပသွားမည်ဖြစ်၍ လှူဒါန်းမည့်ပစ္စည်းများအား နေရာချကုသိုလ်ယူခြင်းများကို သံဃာ တော်များနှင့် စေတနာ့ဝန်ထမ်းများက ဝေယျာဝစ္စကု သိုလ်အဖြစ်ဆောင်ရွက်တော်မူလျက်ရှိသည်။ အဆိုပါ မဟာသံဃဒါနလှူဒါန်းပွဲကြီး၌ တက်ရောက်ကုသိုလ်ယူရန် မြန်မာနိုင်ငံမှ ဆရာကြီးဒေါ်ရူပသိင်္ဂီ ဦးဆောင်သောသီလရှင် ဆရာကြီး/ဆရာလေးများ၊ တော်ဝင်မာတာဖောင်ဒေးရှင်းမှ သီလရှင်ဆရာကြီးများ၊ ရန်ကုန်မြို့၊ ရွှေတိဂုံစေတီတော်၏ တနင်္လာသန့်ရှင်းရေးအသင်းမှ ဒေါ်တင်တင်ဦးဆောင်သော သူငယ်ချင်းများအဖွဲ့တို့ ဧပြီ ၁၈ ရက်က ဓမ္မကာယကျောင်းတိုက်ကြီးသို့ ရောက်ရှိခဲ့ကြသည်။ ထို့ပြင် ထိုင်းနိုင်ငံအတွင်းမှ မြန်မာနိုင်ငံသား တိုင်းရင်း သားညီအကိုမောင်နှမများအနေဖြင့်လည်း မဟာသံဃဒါနလှူဒါန်းပွဲကြီးတွင် ဝေယျာဝေစ္စကုသိုလ်ယူနိုင်သည်ဟုလည်း ဖိတ်ခေါ်ထားသည်။ The post ဓမ္မကာယကျောင်းတိုက်၌ လာမည့် ဧပြီ ၂၂ ရက်တွင် ကျောင်းပေါင်း(၄၀,၀၀၀) မဟာသံဃဒါနလှူဒါန်းပွဲကြီးကျင်းပမည် appeared first on Popular .
Go to News Site