Popular Journal
Credit to Popular Journal - ၂ဝ၂၆ ခုနှစ်၊ ဧပြီလ (၁၉)ရက်၊ တနင်္ဂနွေနေ့၊ နံနက်(၉)နာရီခွဲအချိန်တွင် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချု ပ်နှင့် ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများသည် ပုသိမ်မြို့၊ သာသနာ့ဗိမာန်တော်၌ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ဂိုဏ်းပေါင်းစုံ ဆရာတော်ကြီးများထံမှ ဩဝါဒခံယူပွဲ ကျင်းပခဲ့ကြောင်း သိရသည်။ အခမ်းအနားကို “နမောတဿ” (၃)ကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနား ဖွင့်လှစ်ခဲ့ပြီး နိုင်ငံတော် ဩဝါဒါစရိဘယ၊ အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက၊ ပုသိမ်မြို့၊ နိဂြောဓာရုံ ညောင်ပင်သာပရိယတ္တိစာသင်တိုက် ပဓာနနာယကဆရာတော် ဘဒ္ဒန္တဝိဿုတ မဟာထေရ် မြတ်ထံမှ ငါးပါသီလ ခံယူဆောက်တည်ခြင်း၊ ပရိတ်တရားတော်များ နာယူခြင်း၊ ဆရာတော်သံဃာတော် အရှင်သူမြတ်များအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီး ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်က သာသနာရေးဆိုင်ရာများ လျှောက်ထားခဲ့သည်။ ထို့နောက် ဆရာတော်ကြီးများမှ ဩဝါဒကထာ ချီးမြှင့်ခဲ့ပြီး […] The post ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ဂိုဏ်းပေါင်းစုံဆရာတော်ကြီးများထံမှ ဩဝါဒခံယူပွဲ ကျင်းပ appeared first on Popular .
Go to News Site