Popular Journal
Credit to Popular Journal - ရှမ်းပြည်နယ်၊ တာချီလိတ်မြို့၌ ဧပြီ၊ မေ၊ ဇွန် (၃)လ တာအတွက် သုံးစွဲယူနစ်ဓာတ်အားခများကို ပထမအကြိမ်အဖြစ် လျော့ချပြောင်းလဲကောက်ခံသွားမည်ဖြစ်ကြောင်း မြို့မီးလင်းရေးဦးဆောင်ကော်မတီ (လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း)တာချီလိတ်မြို့ထံမှ သိရသည်။ ဧပြီလသုံးစွဲယူနစ်ဓာတ်အားခမှ မေလနှင့် ဇွန်လထိ (၃) လစာသုံးစွဲယူနစ်ဓာတ်အားခများအား အိမ်သုံးမီတာတစ်ယူနစ်လျှင်(၅ ဒသမ ၇ဝ)ဘတ်၊ လုပ်ငန်းသုံးပါဝါမီ တာတစ်ယူနစ်လျှင်(၇ ဒသမ ၁ဝ)ဘတ်သို့ ပထမအကြိမ်လျှော့ချပြောင်းလဲကောက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။ ထိုသို့ လျော့ချပြောင်းလဲကောက်ခံရခြင်းမှာ လက်ရှိအချိန်၌ ကမ္ဘာ့လောင်စာဆီဈေးနှုန်းတိုးမြှင့်မှုများကြောင့် ဓာတ်အားသုံးစွဲသူများဝန်ထုပ်ဝန်ပိုးလျော့ကျစေရန်အတွက်ဖြစ်ပြီး ၂ဝ၂၃ ခုနှစ်၊ စက်တင်ဘာလသုံးစွဲယူနစ်မှစတင်၍ ယနေ့ထိ အိမ်သုံးမီတာတစ်ယူနစ်လျှင်(၅ ဒသ မ ၈ဝ)ဘတ်၊ လုပ်ငန်းသုံးပါဝါမီတာတစ်ယူနစ်လျှင်(၇ ဒသမ ၂ဝ)ဘတ်ကောက်ခံဖြန့်ဖြူးခဲ့ခြင်းဖြစ်သည်။ The post တာချီလိတ်မြို့၌ ဧပြီ၊ မေ၊ ဇွန် (၃)လစာ သုံးစွဲယူနစ်ဓာတ်အားခများကို ပထမအကြိမ်အဖြစ် လျော့ချပြောင်းလဲကောက်ခံမည် appeared first on Popular .
Go to News Site