Collector
ငဖဲမြို့တွင် လျာထားဧကထက်ပို၍ နွေနှမ်းများ စိုက်ပျိုးနိုင်ခဲ့ | Collector
ငဖဲမြို့တွင် လျာထားဧကထက်ပို၍ နွေနှမ်းများ စိုက်ပျိုးနိုင်ခဲ့
Popular Journal

ငဖဲမြို့တွင် လျာထားဧကထက်ပို၍ နွေနှမ်းများ စိုက်ပျိုးနိုင်ခဲ့

Credit to Popular Journal - မကွေးတိုင်း၊ ငဖဲမြို့နယ်တွင် ယခုနှစ် ၂၀၂၆ ခုနှစ် ဒေသတွင်းစားသုံးဆီဖူလုံစေရေးအတွက် နွေနှမ်းစိုက် ပျိုးချိန်၌ လျာထားစိုက်ဧကထက် ပိုမိုကျော်လွန် စိုက်ပျိုးနိုင်ခဲ့ကြောင်း သိရသည်။ “မန်းချောင်း”ရေလှောင်တမံဆည်၊ “ရင်းရှည်”ရေလှောင်တမံဆည်နှင့် “ဆည်ငယ်”ကန်ငယ်တို့မှပို့လွှတ်သောရေတို့ဖြင့် နွေနှမ်းစိုက်ပျိုးရန်လျာထားသည့် (၁,၁၉၃)ဧကထက် ပိုမိုကျော်လွန်၍ ယနေ့အထိ (၁,၄၄၇)ဧက စိုက်ပျိုးပြီးစီးခဲ့သဖြင့် (၂၅၄)ဧက ပိုမိုစိုက်ပျိုးနိုင်ခဲ့ကြောင်း သိရသည်။ စမုန်နက်(၄၀၇)ဧက၊ ဆင်းရတနာ-၁၂ (၃၀၀)ဧက၊ ဆင်းရတနာ-၃ (၅၀)ဧကနှင့် သိပ္ပံနှမ်းနက်(၆၉၀)ဧက စုစုပေါင်း(၁,၄၄၇)ဧက စိုက်ပျိုးပြီးစီးခဲ့ကာ နှမ်းခင်းများအောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။ The post ငဖဲမြို့တွင် လျာထားဧကထက်ပို၍ နွေနှမ်းများ စိုက်ပျိုးနိုင်ခဲ့ appeared first on Popular .

Go to News Site