Popular Journal
Credit to Popular Journal - တရုတ်နိုင်ငံမှ နည်းပညာဆိုင်ရာအဖွဲ့များ မြန်မာနိုင်ငံသို့စေလွှတ်၍ ကွင်းဆင်းလေ့လာခြင်းများဆောင်ရွက်ပေးရန်ဆွေးနွေး လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးကိုကိုလွင်သည် ဧပြီ ၁၈ ရက်က တရုတ်နိုင်ငံ၊ ကွမ်ကျိုးမြို့ရှိ စွန့်ပစ်အမှိုက်မျိုးစုံမှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်သည့် GRANDTOP Fushan Circular Economic Industrial Park အား ကြည့်ရှုလေ့လာခဲ့သည်။ ကုမ္ပဏီတာဝန်ရှိသူများက Industrial Park အတွင်း စွန့်ပစ်အမှိုက်မျိုးစုံမှ လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်ရန် အမှိုက်များအမျိုးအစားခွဲခြား၍ သိမ်းဆည်းခြင်း၊ သယ်ယူပို့ဆောင်ခြင်းဆောင်ရွက်သည့်လုပ်ငန်းစဉ်များ၊ အမှိုက်မှလျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းအ တွက်ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဉ်အဆင့်ဆင့်၊ စက်ရုံမှထွက်ရှိလာသည့် လျှပ်စစ်ဓာတ်အားများကို ဓာတ်အားဖြန့်ဖြူးရေးလိုင်းများမှတစ်ဆင့် National Grid သို့ ဖြန့်ဖြူးခြင်းလုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြခဲ့သည်။ ထို့ပြင် စက်ရုံ၏ Control Room မှ စံသတ်မှတ်ချက်များနှင့် ကိုက်ညီမှု ရှိ/မရှိ စောင့်ကြည့်ထိန်းကျောင်းခြင်းဆောင်ရွက်နေမှုတို့ကိုလည်း ရှင်းလင်းတင်ပြခဲ့ကြသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးက […] The post တရုတ်နိုင်ငံတွင် စွန့်ပစ်အမှိုက်မျိုးစုံမှ နှစ်စဉ်လျှပ်စစ် ဓာတ်အားယူနစ်သန်းပေါင်း(၁,၂၀၀)ကျော်ခန့် ထုတ်လုပ်သည့်စက်ရုံအား လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်လေ့လာ appeared first on Popular .
Go to News Site