Collector
ပြည်တွင်းထုတ်ဒီဇင်ဆီ(၂၀,၅၆၉)ဂါလန်ကို ပွင့်ဖြူမြို့ နယ်မှ တောင်သူများထံတိုက်ရိုက်ရောင်းချ | Collector
ပြည်တွင်းထုတ်ဒီဇင်ဆီ(၂၀,၅၆၉)ဂါလန်ကို ပွင့်ဖြူမြို့ နယ်မှ တောင်သူများထံတိုက်ရိုက်ရောင်းချ
Popular Journal

ပြည်တွင်းထုတ်ဒီဇင်ဆီ(၂၀,၅၆၉)ဂါလန်ကို ပွင့်ဖြူမြို့ နယ်မှ တောင်သူများထံတိုက်ရိုက်ရောင်းချ

Credit to Popular Journal - ပြည်တွင်းထုတ်ဒီဇင်ဆီ(၂၀,၅၆၉)ဂါလန်ကို ပွင့်ဖြူမြို့ နယ်မှတောင်သူများထံ သက်သာသောစျေးနှုန်းဖြင့် ယနေ့ ဧပြီ ၁၉ ရက်က လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မကွေးတိုင်းအစိုးရအဖွဲ့တို့ပူးပေါင်း၍ အထူးသက်သာသောဈေးနှုန်းဖြင့် လုပ်ငန်းခွင်အရောက်တိုက်ရိုက်ဖြန့်ဖြူးရောင်းချပေးခဲ့ကြောင်း သိရသည်။ ပွင့်ဖြူမြို့နယ်အတွင်း ၂၀၂၅-၂၀၂၆ ခုနှစ် နွေသီးနှံ စိုက်ပျိုးရာသီ၌ နွေစပါးနှင့် ဆီထွက်သီးနှံများစိုက်ပျိုးရေးအတွက် မြေယာပြုပြင်ရန်ကျန်ရှိသော စိုက်ပျိုးမြေဧက(၂၀,၅၆၉)ဧကအတွက် တစ်ဧကလျှင် စက်သုံးဆီ တစ်ဂါလန်နှုန်းဖြင့်ရောင်းချ‌ပေးခဲ့ကြောင်း သိရသည်။ အဆိုပါ ပြည်တွင်းထုတ်ဒီဇယ်ဆီ(၂၀,၅၆၉)ဂါလန်ကို ပွင့်ဖြူမြို့နယ် ရွာခိုင်ကျေးရွာအုပ်စု၊ ကုန်းဇောင်းကျေးရွာအုပ်စု၊ အနောက်ကိုင်းကျေးရွာအုပ်စု၊ ပေတောကျေးရွာအုပ်စု၊ သရက်တောကျေးရွာအုပ်စုတို့၌ စုရပ်(၅)နေရာတွင် လယ်ယာစိုက်ပျိုးရေးကဏ္ဍသုံး စက်ပစ္စည်းများတွင်အသုံးပြုရန် လက်ငင်းငွေးချေစနစ်ဖြင့် တိုက်ရိုက်ဖြန့်ဖြူးရောင်းချပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ The post ပြည်တွင်းထုတ်ဒီဇင်ဆီ(၂၀,၅၆၉)ဂါလန်ကို ပွင့်ဖြူမြို့ နယ်မှ တောင်သူများထံတိုက်ရိုက်ရောင်းချ appeared first on Popular .

Go to News Site