Popular Journal
Credit to Popular Journal - ရှမ်းပြည်နယ်၊ နောင်ချိုမြို့တွင် ယနေ့ ဧပြီ ၁၉ ရက်မွန်းလွဲ ၂ နာရီခန့်က မိုးရွာသွန်းပြီးလေပြင်းတိုက်ခတ်မှုများဖြစ်ပေါ်ခဲ့၍ ဘူတာရပ်ကွက်၊ နယ်မြေ(၁၀)၊ ဇီဝကလမ်း၊ ယာယီညဈေးတန်းအနီးမှ သစ်ပင်များလဲကျခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။ ထို့ကြောင့် နောင်ချိုမြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များက လဲကျနေသည့်သစ်ပင်များအား ခုတ်ထွင်ဖယ်ရှားရှင်းလင်းပေးခဲ့ကြကြောင်း သိရသည်။ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယနေ့ ဧပြီ ၁၉ ရက်မွန်းလွဲပိုင်းထုတ်ပြန်ချက်အရ ပြီးခဲ့သည့် ၂၄ နာရီအတွင်းက ရှမ်းပြည်နယ်တွင်နေရာကျဲကျဲမိုးရွာသွန်းခဲ့ကာ မနက်ဖြန် ဧပြီ ၁၉ ရင်နံနက်ပိုင်းအထိခန့်မှန်းချက်အရလည်း ရှမ်းပြည်နယ်တွင်နေရာကျဲကျဲမိုးရွာသွန်းနိုင်ကြောင်း သိရသည်။ The post နောင်ချိုမြို့တွင် မိုးရွာသွန်းပြီးလေပြင်းတိုက်ခတ်၍ သစ်ပင်များလဲကျ appeared first on Popular .
Go to News Site