Khit Thit Media
ရန်ကုန်၊ ဧပြီ ၁၉ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် စစ်တပ်၏ စစ်ကြောင်းထိုးမှုကြောင့် တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားပြီး စစ်တပ်၏ ပစ်ခတ်မှုကြောင့် အသက် ၄ နှစ်အရွယ် ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၂ ဦးသေဆုံးသွားကြောင်း ဖားကန့်ဒေသသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ဧပြီလ ၁၉ ရက်နေ့ နံနက် ၄ နာရီအချိန် စစ်တပ်က ဖားကန့်မြို့နယ်၊ လုံးခင်းဒေသဘက်သို့ စစ်ကြောင်းထိုးလာကြောင်း၊ စစ်ကြောင်းထိုးစဉ် စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်သောကြောင့် လုံးခင်းကျေးရွာအုပ်စု၊ မလန်းရွာသို့ ကျရောက်ပြီး အသက် ၄ နှစ်အရွယ် ကလေးငယ် ၁ ဦး လက်နက်ကြီး ထိမှန်သေဆုံးခဲ့ကြောင်း၊ ယမန်နေ့ညပိုင်းကလည်း စစ်တပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ကချင်အမျိုးသားတစ်ဦး လက်နက်ကြီးထိမှန်သေဆုံးခဲ့ကြောင်း၊ လက်ရှိအချိန်အထိ […] The post ဖားကန့်တွင် စစ်တပ်၏ စစ်ကြောင်းထိုးမှုကြောင့် တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားပြီး စစ်တပ်၏ ပစ်ခတ်မှုကြောင့် အသက် ၄ နှစ်အရွယ် ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၂ ဦးသေဆုံး appeared first on Khit Thit Media .
Go to News Site