Khit Thit Media
ရန်ကုန်၊ ဧပြီ ၁၉ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ကို ပြန်လည်လွှတ်ပေးခဲ့ခြင်းမှာ စစ်တပ်၏ နိုင်ငံရေးကစားကွက်တစ်ခုသာဖြစ်ပြီး အာဏာရှင်ပြဇာတ်၏ အစိတ်အပိုင်းဖြစ်ကြောင်း ပြည်ပမှ မြန်မာ့အရေးလေ့လာသူ ပညာရှင်များက ထောက်ပြပြောဆိုသည်ဟု AFP သတင်းဌာနက ဖော်ပြသည်။ အာဏာသိမ်းမှုအတွင်း ရာထူးမှဖယ်ရှားခံခဲ့ရသည့် သမ္မတ ဦးဝင်းမြင့် ပြန်လည်လွတ်မြောက်လာခြင်းကြောင့် ဖမ်းဆီးထိန်းသိမ်းခံထားရသည့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ကံကြမ္မာအပေါ် ခန့်မှန်းချက်များ မြင့်တက်လာခဲ့သော်လည်း၊ ဒီမိုကရေစီ ပြန်လည်ရှင်သန်လာရေး စောင့်ကြည့်နေသူများကြားတွင်မူ အကောင်းမြင်စိတ် နည်းပါးလျက်ရှိသည်။ အပြည်ပြည်ဆိုင်ရာ မဟာဗျူဟာလေ့လာရေးအဖွဲ့ (IISS) မှ သုတေသနပညာရှင် Morgan Michaels က “ဒါဟာ ဖြစ်နိုင်ခြေရှိတဲ့ ကိစ္စတစ်ခုပါ။ ဒါပေမဲ့ ဒါကို စစ်မှန်တဲ့ ငြိမ်းချမ်းရေး ဒါမှမဟုတ် ပြန်လည်သင့်မြတ်ရေးဆီ ဦးတည်တဲ့ ခြေလှမ်းလို့ အထင်မမှားသင့်ဘူး” ဟု သတိပေးပြောကြားသည်။ […] The post နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ကို လွှတ်ပေးခြင်းမှာ စစ်တပ်၏ နိုင်ငံရေးကစားကွက်သာဖြစ်ပြီး အာဏာရှင်ပြဇာတ် အစိတ်အပိုင်းဟု မြန်မာ့အရေးကျွမ်းကျင်သူများက ထောက်ပြ appeared first on Khit Thit Media .
Go to News Site