Collector
လယ်ယာမြေလုပ်ပိုင်ခွင့်ပုံစံ (၇) ရရှိသူများ လိုက်နာရမည့် စည်းကမ်းချက်များ ထုတ်ပြန် | Collector
လယ်ယာမြေလုပ်ပိုင်ခွင့်ပုံစံ (၇) ရရှိသူများ လိုက်နာရမည့် စည်းကမ်းချက်များ ထုတ်ပြန်
Popular Journal

လယ်ယာမြေလုပ်ပိုင်ခွင့်ပုံစံ (၇) ရရှိသူများ လိုက်နာရမည့် စည်းကမ်းချက်များ ထုတ်ပြန်

Credit to Popular Journal - လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ (၇) ရရှိသူများအနေဖြင့် လိုက်နာရမည့် စည်းကမ်းချက်များကို လယ်ယာမြေ ဥပဒေ ပုဒ်မ (၁၂) နှင့် (၁၃) အရ သတ်မှတ်ထားကြောင်း သိရသည်။ အဆိုပါ စည်းကမ်းချက်များအရ လယ်ယာမြေကို ဥပဒေပြဋ္ဌာန်းချက်များနှင့်အညီသာ လုပ်ကိုင်အသုံးပြုရမည်ဖြစ်ပြီး သက်ဆိုင်ရာ မြေခွန်နှင့် အခြားအခွန်အခများကိုလည်း ပေးဆောင်ရမည်ဖြစ်သည်။ ထို့ပြင် လယ်ယာမြေလုပ်ပိုင်ခွင့်ကို ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှားရမ်းခြင်း၊ လဲလှယ်ခြင်းနှင့် ပေးကမ်းခြင်းတို့ ဆောင်ရွက်ရာတွင် သတ်မှတ်ထားသော တန်ဖိုးနှင့်အညီ တံဆိပ်ခေါင်းခွန်နှင့် စာချုပ်စာတမ်း မှတ်ပုံတင်ခများ ပေးဆောင်ကာ သက်ဆိုင်ရာ မြို့နယ်ဦးစီးဌာနရုံးတွင် မှတ်ပုံတင်ရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။ အမွေဆက်ခံခြင်းဖြင့် လယ်ယာမြေလုပ်ပိုင်ခွင့်ရရှိလာသောအခါလည်း သတ်မှတ်ချက်များနှင့်အညီ မှတ်ပုံတင်ရမည်ဖြစ်ပြီး စိုက်ပျိုးထုတ်လုပ်မှုအတွက်သာ လယ်ယာမြေကို ပေါင်နှံခွင့်ရှိကာ အစိုးရဘဏ်များ သို့မဟုတ် အသိအမှတ်ပြုဘဏ်များတွင်သာ ပေါင်နှံရမည်ဖြစ်သည်။ လယ်ယာမြေကို ခွင့်ပြုချက်မရှိဘဲ […] The post လယ်ယာမြေလုပ်ပိုင်ခွင့်ပုံစံ (၇) ရရှိသူများ လိုက်နာရမည့် စည်းကမ်းချက်များ ထုတ်ပြန် appeared first on Popular .

Go to News Site