Popular Journal
Credit to Popular Journal - အထူးဒေသ(၁)၊ ကွတ်ခိုင်ခရိုင်ရှိ ပြည်ထောင်စုလမ်းမကြီး၏ ကွတ်ခိုင်-နမ့်ဖတ်ကာသွားလမ်းပိုင်း နေရာ(၃) ခုတွင် မြေပြိုမှုများဖြစ်ပွားခြင်း၊ အချို့မြေပြိုသည့်နေရာများ၌ လမ်းမျက်နှာပြင်အက်ကွဲမှုများဖြစ်ပေါ်ခြင်းများရှိနေ၍ အထူးဒေသအုပ်ချုပ်ရေးကော်မတီမှ ဦးဆောင်ကာ ဧပြီ ၁၇ ရက်မှစပြီးပြန်လည်ပြုပြင်လျက်ရှိကြောင်း သိရသည်။ လုပ်ငန်းသုံးစက်ယန္တရားများ၊ အလုပ်သမားများနှင့်ပြန်လည်ပြုပြင်မှုများကို လမ်းပန်းဆက်သွယ်ရေးအမြန်ဆုံးပြန်လည်ကောင်းမွန်စေရန်နှင့် သွားလာရေး ဘေးကင်းစေရန်အတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ထို့ကြောင့် လမ်းအသုံးပြုသူများအနေဖြင့် ပြုပြင်ထိန်းသိမ်းရေးဆောင်ရွက်နေသည့် လမ်းပိုင်းများသို့ရောက်ရှိချိန်၌ အရှိန်လျှော့မောင်းနှင်ရန်၊ ဂရုစိုက်ရန်နှင့် လုပ်ငန်းခွင်ရှိ လမ်းစည်းကမ်းထိန်းသိမ်းရေးညွှန်ကြားချက်များကိုလိုက်နာကာ ဘေးကင်းလုံခြုံသောသွားလာမှုဖြစ်စေရန်၊ ယာဉ်မတော်တဆဖြစ်မှုများလျှော့ချနိုင်ရေးအတွက် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန်လည်း အထူးဒေသ(၁)အုပ်ချုပ်ရေးကော်မတီက နှိုးဆော်ထားကြောင်း သိရသည်။ The post အထူးဒေသ(၁)ရှိ ပြည်ထောင်စုလမ်းမကြီး၏ ကွတ်ခိုင်-နမ့်ဖတ်ကာသွားလမ်းပိုင်းတွင် မြေပြိုကျနေမှုများကိုပြန်လည်ပြုပြင် appeared first on Popular .
Go to News Site