Khit Thit Media
ရန်ကုန်၊ ဧပြီ ၂၀ ပဲခူးတိုင်း၊ ပြည်မြို့နယ်တွင် အင်းဝင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး တင်မောင်ဆန်းနှင့် ပျူစောထီး ကံမြင့်တို့ ပျောက်ဆုံးနေ၍ စစ်တပ်က ပြည်သူများကို လိုက်လံ ဖမ်းဆီးစစ်ဆေးနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ ဧပြီလပိုင်းအတွင်း ပြည်မြို့နယ်၊ ခွေးရဲရွာမကျေးရွာအုပ်စု ချင်ရုတ်ကုန်းရွာတွင် နေထိုင်သော ပျူစောထီး ကံမြင့်ကို အမည်မသိ လူတစ်ဦးက ဝင်ရောက်ဖမ်းဆီးသွားကြောင်း၊ ဖမ်းဆီးခံရသော ပျူစောထီး ကံမြင့်သည် ပျူစောထီး ခေါင်းဆောင် လှမြင့်၏ တပည့်အရင်းဖြစ်ပြီး လှမြင့်သေဆုံးသွားပြီးနောက် လှမြင့်၏သားဖြစ်သူ စိုင်းသီဟ (ခ) ချိုကြီး ဦးဆောင်သော ပျူစောထီးအဖွဲ့နှင့် လိုက်ပါ၍ ပေါင်းတလည်မြို့ပေါ်တွင် ဧည့်စာရင်းစစ်ဆေးခြင်း၊ ပေါ်တာဆွဲခြင်းနှင့် အမှုဆင် ဖမ်းဆီးများ လုပ်ဆောင်နေသူဖြစ်ကြောင်း သိရသည်။ အလားတူ ဧပြီလ ၁၇ ရက်နေ့ကလည်း […] The post ပြည်မြို့နယ်တွင် အင်းဝင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး တင်မောင်ဆန်းနှင့် ပျူစောထီး ကံမြင့်တို့ ပျောက်ဆုံးနေ၍ စစ်တပ်က ပြည်သူများကို လိုက်လံ ဖမ်းဆီးစစ်ဆေးနေ appeared first on Khit Thit Media .
Go to News Site