Khit Thit Media
ရန်ကုန်၊ ဧပြီ ၂၀ ထိုင်း-မြန်မာနယ်စပ်၊ မယ်ဟောင်ဆောင်အနီး မြန်မာဘက်အခြမ်းရှိ KNU ဆေးရုံကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ထိုင်းနိုင်ငံအတွင်းသို့ ဗုံး ၁ လုံးကျရောက်ပေါက်ကွဲခဲ့ကြောင်း ထိုင်း Khaosod သတင်းဌာနက သတင်းဖော်ပြသည်။ ယနေ့ ဧပြီလ ၂၀ ရက်နေ့ နံနက် ၁၁ နာရီခန့်အချိန် မြန်မာစစ်တပ်၏ Yak-130 နှင့် MiG-29 တိုက် လေယာဉ်များက ထိုင်း-မြန်မာနယ်စပ်၊ မယ်ဟောင်ဆောင်အနီး၊ မြန်မာဘက်အခြမ်းရှိ KNU ဆေးရုံကို ဗုံးကျဲချခဲ့ကြောင်း၊ စစ်တပ်က လေကြောင်းဖြင့် ဗုံး ၉ လုံးခန့် ကျဲချခဲ့ရာ ဗုံး ၁ လုံးမှာ ထိုင်းနိုင်ငံဘက်ခြမ်း၊ မယ်ဆမ်လက်ပ်ကျေးရွာအနီး သံလွင်မြစ်ကမ်းဘေးသို့ ကျရောက်ခဲ့သဖြင့် ထိုင်းဒေသခံများကို အရေးပေါ် ရွှေ့ပြောင်းပေးခဲ့ရကြောင်း သိရှိရသည်။ […] The post ထိုင်း-မြန်မာနယ်စပ်တွင် အကြမ်းဖက်စစ်တပ်က KNU ဆေးရုံကို လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်စဉ် ထိုင်းနိုင်ငံအတွင်းသို့ ဗုံး ၁ လုံးကျရောက်ပေါက်ကွဲ၊ မြ၀တီမြို့နယ်တွင်လည်း တိုက်ပွဲ ပြင်းထန်နေ appeared first on Khit Thit Media .
Go to News Site