Khit Thit Media
ရန်ကုန်၊ ဧပြီ ၂၀ ကချင်ပြည်နယ်၊ မိုးညှင်းမြို့အခြေစိုက် စစ်ကောင်စီ၏ ဒုံးတပ်ဖွဲ့ (ဒတရ) ၆၀၃ တပ်ရင်းမှ တပ်သား ၃ ဦးသည် မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်ရှိ Onemore ပြည်သူ့ ကာကွယ်ရေးစစ်ကြောင်းထံသို့ လက်နက်မဲ့ အလင်း ဝင်ရောက်ခိုလှုံလာကြောင်း Onemore ပြည်သူ့ကာကွယ်ရေးစစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦ၏ ပြောဆိုချက်အရ သိရှိရသည်။ အလင်းဝင်လာသူများအနက် တပ်သက် ၆ နှစ်နီးပါးရှိပြီဖြစ်သည့် တပ်သားတစ်ဦးက “တပ်ထဲမှာ ကြီးနိုင်ငယ်ညှင်း ဖိနှိပ်မှုတွေ အရမ်းကြီးစိုးလာတဲ့အတွက် ပြည်သူ့ဘက်ကို ကူးပြောင်းခိုလှုံရခြင်းဖြစ်တယ်” ဟု ပြောကြားသည်။ အလင်းဝင်လာသော ကျန်တပ်သား ၂ ဦးမှာမူ ရန်ကုန်မြို့တွင် အလုပ်လုပ်ကိုင်နေစဉ် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၃ ရက်နေ့ လိမ်လည်ခေါ်ဆောင်ပြီး ပေါ်တာဆွဲခံခဲ့ရသူများ ဖြစ်သည်။ ၎င်းတို့ကို လူမနေသည့် […] The post မိုးညှင်းအခြေစိုက် ဒတရ (၆၀၃) တပ်ရင်းမှ စစ်ကောင်စီတပ်သား ၃ ဦး မြင်းခြံရှိ Onemore စစ်ကြောင်းထံသို့ အလင်းဝင် appeared first on Khit Thit Media .
Go to News Site