Popular Journal
Credit to Popular Journal - တနင်္ဂနွေနေ့က မြို့တော်ပေကျင်းတွင် ကျင်းပခဲ့သော လူပုံတူစက်ရုပ်များနှင့် အပျော်တမ်းအပြေးသမားများ ပါဝင်ယှဉ်ပြိုင်သော မာရသွန်ဝက်ပြိုင်ပွဲတွင် အနိုင်ရခဲ့သောစက်ရုပ်သည် ပြိုင်ပွဲကို ၅၀ မိနစ် ၂၆ စက္ကန့်ဖြင့် ပန်းဝင်ခဲ့ခြင်းဖြစ်ကာ လူသားတို့တင်ထားသော စံချိန်ကို ချိုးဖျ-က်နိုင်ခဲ့သည်။ ယင်းသည် တရုတ်နိုင်ငံက စက်ရုပ်နည်းပညာတွင် အလျင်အမြန်တိုးတက်နေမှုကို ပြသရာရောက်ခဲ့သည်။ ပြီးခဲ့သည့်နှစ် ဧပြီလက တရုတ်မြို့တော်တွင် ကမ္ဘာ့ပထမဆုံး စက်ရုပ် မာရသွန်ဝက်ပြိုင်ပွဲကို လက်ခံကျင်းပခဲ့ပြီး ယခုအကြိမ်သည် ဒုတိယမြောက်ပြိုင်ပွဲဖြစ်သည်။ ပထမအကြိမ်ပြိုင်ပွဲတွင် စံချိန် ၂ နာရီ ၄၀ မိနစ် ၄၂ စက္ကန့်ဖြင့် အနိုင်ရခဲ့သောစက်ရုပ်၏ စံချိန်ကို လက်ရှိချန်ပီယံဖြစ်ခဲ့သော လူတူစက်ရုပ်က အပြတ်အသတ် ကျော်ဖြတ်နိုင်ခဲ့သည်။ ယခုနှစ်မတ်လအတွင်းက လစ္စဘွန်းမြို့တွင် ကျင်းပခဲ့သော မာရသွန်ဝက်ပြိုင်ပွဲတွင် ယူဂန္ဓာနိုင်ငံမှ ဂျက်ကော့ဘ် ကစ်ပလီမိုက စံချိန် ၅၇ မိနစ် […] The post လူတူစက်ရုပ်ကမာရသွန်ပြေးပွဲတွင်လူသားတို့ စံချိန်ကိုချိုးဖျ-က်နိုင်ခဲ့ appeared first on Popular .
Go to News Site