Popular Journal
Credit to Popular Journal - ပြည်တွင်းပဲမျိုးစုံစျေးကွက်တွင် တရုတ်ဝယ်လက်များ ဝင်ရောက်ဝယ်ယူမှုများရှိလာခြင်းကြောင့် မြေထောက်ပဲစျေးနှုန်းများ အနည်းငယ်မြင့်တက်လာကြောင်း ကုန်သည်များထံမှ သိရသည်။ ကုန်သည်များ၏ ပြောကြားချက်အရ ယခုနှစ် မြေထောက်ပဲစျေးနှုန်းသည် လွန်ခဲ့သောနှစ်နှင့် နှိုင်းယှဉ်ပါက သုံးတင်းဝင်အိတ်တစ်အိတ်လျှင် ကျပ် ၅၀,၀၀၀ ဝန်းကျင် မြင့်တက်လာပြီး ကုန်သည်များအတွက် အကျိုးရှိသောအခြေအနေတစ်ရပ် ဖြစ်လာခဲ့သည်ဟု သိရသည်။ “မနှစ်ကထက် စျေးနည်းနည်းပိုရလာတာ မဆိုးဘူးလို့ပြောရမယ်။ ဒါကလည်း တရုတ်ဝယ်လက်တွေ ဝင်ဝယ်လာလို့ပါ။ ဝယ်လက်အများကြီးတော့ မဆင်းလာသေးဘူး၊ အများကြီးဆင်းလာရင် စျေးက ထပ်ပြီးပြောင်းလဲနိုင်တယ်” ဟု ကုန်သည်တစ်ဦးက ပြောသည်။ မြန်မာနိုင်ငံမှ ထုတ်လုပ်သော မြေထောက်ပဲများကို တရုတ်နိုင်ငံ၊ အိန္ဒိယနှင့် အရှေ့အလယ်ပိုင်းဒေသများသို့ တင်ပို့လေ့ရှိပြီး ပြည်ပဝယ်လက်များက စျေးကွက်အရောက် ဝင်ရောက်ဝယ်ယူလေ့ရှိကြောင်း သိရသည်။ လတ်တလောတွင် တရုတ်ကုန်သည်များ ဝင်ရောက်ဝယ်ယူနေခြင်းရှိပြီး ဝယ်ယူသွားသော ကုန်ကြမ်းများကို အဆင့်မြင့်ထုတ်ကုန်များအဖြစ် ပြန်လည်ပြင်ဆင်ထုတ်လုပ်ကာ ပြန်လည်ရောင်းချလေ့ရှိကြောင်းလည်း […] The post တရုတ်ဝယ်လက်ဝင်ရောက်မှုကြောင့် မြေထောက်ပဲစျေးတက်၊ စိုက်ပျိုးသူများအတွက် အလားအလာကောင်း appeared first on Popular .
Go to News Site