Collector
ဂျပန်က လက်နက်တင်ပို့မှုစည်းမျဉ်းများကို ဖြေလျှော့ | Collector
ဂျပန်က လက်နက်တင်ပို့မှုစည်းမျဉ်းများကို ဖြေလျှော့
Popular Journal

ဂျပန်က လက်နက်တင်ပို့မှုစည်းမျဉ်းများကို ဖြေလျှော့

Credit to Popular Journal - မိတ်ဖက်နိုင်ငံများနှင့် လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန်ကြိုးပမ်းလျက်ရှိသည့် ဂျပန်နိုင်ငံသည် ပြည်ပသို့ လက်နက်များရောင်းချနိုင်စေရန်အတွက် ကာကွယ်ရေးပစ္စည်းတင်ပို့မှု ကန့်သတ်ချက်များကို အင်္ဂါနေ့တွင် ပြင်ဆင်ခဲ့သည်။       ဒုတိယကမ္ဘာစစ်ပြီးနောက်ပိုင်း ဂျပန်နိုင်ငံအတွက် အဆိုးဆုံးလုံခြုံရေး အခြေအနေဖြစ်ပေါ်နေသည်ဆိုသော အစိုးရ၏ သုံးသပ်ချက်အရ နိုင်ငံတော်လုံခြုံရေးဝါဒီတစ်ဦးဖြစ်သည့် ဝန်ကြီးချုပ် ဆနားအဲ တာကာအိချီ၏ အစိုးရသည် နိုင်ငံ၏ ကာကွယ်ရေးလုပ်ငန်းကို အားကောင်းစေရန် ရည်ရွယ်နေချိန်တွင် အစိုးရအဖွဲ့နှင့် နိုင်ငံတော်လုံခြုံရေးကောင်စီက အတည်ပြုခဲ့သော ယခုပြင်ဆင်ပြောင်းလဲမှုများ ပေါ်ပေါက်လာခြင်းဖြစ်သည်။        ကာကွယ်ရေးပစ္စည်းနှင့် နည်းပညာလွှဲပြောင်းခြင်းဆိုင်ရာ မူသုံးချက်နှင့် ၎င်းတို့ကို အကောင်အထည်ဖော်မှု ဆိုင်ရာလမ်းညွှန်ချက်များကို ပြင်ဆင်ခြင်းသည် ကယ်ဆယ်ရေး၊ သယ်ယူပို့ဆောင်ရေး၊ စောင့်ကြည့်ခြင်းနှင့် မိုင်းရှင်းလင်းခြင်းစသည့် တိုက်ခိုက်ရေးမဟုတ်သော အမျိုးအစားငါးမျိုးအတွက် တင်ပို့မှုကို ကန့်သတ်ထားသော စည်းမျဉ်းများကို ပယ်ဖျက်သည်။       မူအရ ပြင်ဆင်မှုများသည် ပဋိပက္ခဖြစ်ပွားနေသော နိုင်ငံများသို့ လက်နက်တင်ပို့မှုကို တားမြစ်ထားသော်လည်း ဂျပန်နိုင်ငံ၏ လုံခြုံရေးလိုအပ်ချက်များနှင့် အင်ဒို-ပစိဖိတ်ဒေသရှိ အမေရိကန်စစ်ရေးလှုပ်ရှားမှုများကို ထည့်သွင်းစဉ်းစားသည့် […] The post ဂျပန်က လက်နက်တင်ပို့မှုစည်းမျဉ်းများကို ဖြေလျှော့ appeared first on Popular .

Go to News Site