Khit Thit Media
ရန်ကုန်၊ ဧပြီ ၂၁ အကြမ်းဖက်စစ်တပ်က တိုင်းပြည်၏အခက်အခဲနှင့် အကျပ်အတည်းများ ကို ဖြေရှင်းရန် နိုင်ငံရေးဆန္ဒနှင့် အာသီသ မရှိ၍ ငြိမ်းချမ်းရေး ကမ်းလှမ်းချက်အပေါ် လက်မခံကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး- ABSDF က ပယ်ချတုံ့ပြန်လိုက်သည်။ အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ယမန်နေ့ နေပြည်တော်တွင် ပြုလုပ်သော တရားမဝင် အုပ်ချုပ်ရေးအဖွဲ့ အစည်းအဝေးတွင် အပစ်ရပ်စာချုပ်NCA လက်မှတ်ရေးထိုးထားပြီး လွန်ခဲ့သော ၅ နှစ်အတွင်း တွေ့ဆုံခဲ့ခြင်းမရှိသည့် KNU ၊ CNF ၊ ABSDF တပ်ဖွဲ့များကို ငြိမ်းချမ်းရေး ဆွေးနွေးရန် ဖိတ်ခေါ်ကြောင်း ပြောဆိုလာခြင်းဖြစ်သည်။ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး-ABSDF မှ တွဲဖက်အထွေ ထွေအတွင်းရေးမှူး ၁ ရဲဘော်ကျော်ကျော်လင်းက အကြမ်းဖက် စစ်တပ်တွင် တိုင်းပြည်၏ အကျပ်အတည်းနှင့် အခက်အခဲကို […] The post အကြမ်းဖက်စစ်တပ်က တိုင်းပြည်အခက်အခဲနှင့်အကျပ်အတည်းများကို ဖြေရှင်းရန် နိုင်ငံရေးဆန္ဒနှင့် အာသီသ မရှိ၍ ငြိမ်းချမ်းရေး ကမ်းလှမ်းချက်အပေါ် လက်မခံဟု ABSDF က ပယ်ချ appeared first on Khit Thit Media .
Go to News Site