Khit Thit Media
ရန်ကုန်၊ ဧပြီ ၂၁ ထိုင်း-မြန်မာနယ်စပ်၊ မြန်မာဘက်အခြမ်းတွင် တိုက်ပွဲများ ပြင်းထန်မှုကြောင့် နယ်စပ်ခရိုင် ၄ ခုတွင် လုံခြုံရေးတိုးမြှင့်ရန်နှင့် ဒေသခံများကို ကူညီရန် ထိုင်းအစိုးရက အမိန့်ထုတ်လိုက်ကြောငး ထိုင်းအခြေစိုက် The Nation က သတင်းဖော်ပြသည်။ မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေသည့် လက်နက်ကိုင်ပဋိပက္ခများမှာ ထိုင်းနယ်စပ်အထိ ရိုက်ခတ်လာသောကြောင့် ထိုင်းပြည်တွင်းဝန်ကြီးဌာန၊ ပြည်တွင်းအုပ်ချုပ်ရေးဦးစီးဌာနက နယ်စပ်ခရိုင် ၄ ခုရှိ အုပ်ချုပ်ရေးအရာရှိများကို လုံခြုံရေးတင်းကျပ်ရန်နှင့် ထိခိုက်ခံစားရသည့် ဒေသခံများကို ၂၄ နာရီပတ်လုံး ကူညီစောင့်ရှောက်ရန် အရေးပေါ်ညွှန်ကြားချက် ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။ အဆိုပါ ညွှန်ကြားချက်တွင် မယ်ဟောင်ဆောင်၊ ချင်းမိုင်၊ ချင်းရိုင်နှင့် တာ့ခ် ခရိုင်များရှိ ခရိုင်အုပ်ချုပ်ရေးမှူးများအနေဖြင့် လုံခြုံရေးအဖွဲ့များ၊ ကျေးရွာလူကြီးများ၊ အရပ်ဘက်ကာကွယ်ရေး စေတနာ့ ဝန်ထမ်းအဖွဲ့များနှင့် ပူးပေါင်းကာ အရေးပေါ်လုပ်ငန်းစဉ် ၃ […] The post ထိုင်း-မြန်မာနယ်စပ်၊ မြန်မာဘက်အခြမ်းတွင် တိုက်ပွဲများ ပြင်းထန်မှုကြောင့် နယ်စပ်ခရိုင် ၄ ခုတွင် လုံခြုံရေးတိုးမြှင့်ရန်နှင့် ဒေသခံများကို ကူညီရန် ထိုင်းအစိုးရ အမိန့်ထုတ် appeared first on Khit Thit Media .
Go to News Site