Khit Thit Media
ရန်ကုန်၊ ဧပြီ ၂၁ မြန်မာ-ထိုင်းနယ်စပ်တစ်လျှောက် မြန်မာနိုင်ငံဘက်အခြမ်းတွင် တိုက်ပွဲများ ဆက်လက်ပြင်းထန်နေပြီး စစ်တပ်၏ လေကြောင်းနှင့် လက်နက်ကြီးပစ်ခတ်မှုများကြောင့် မြန်မာဘက်ခြမ်းရှိ အရပ်သားများ ထိခိုက်ဒဏ်ရာရရှိသည့်အပြင် ထိုင်းဘက်ခြမ်းရှိ နေအိမ်အချို့လည်း ထိခိုက်ပျက်စီးမှုများ ရှိနေကြောင်း ကရင်စစ်ရေး သတင်းရင်းမြစ်နှင့် ထိုင်း-မြန်မာနယ်စပ်သတင်းရင်းမြစ်ထံမှ သိရှိရသည်။ ယမန်နေ့ ဧပြီလ ၂၀ ရက်နေ့ ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်ရှိ ဝေါလေစစ်ဗျူဟာကုန်းမှ စစ်တပ်က ဝေါလေမြို့ပေါ်ရပ်ကွက်များအတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ရာ ပြည်သူ ၂ ဦး ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့ပြင် လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် နေအိမ်များ၊ ပြည်သူပိုင်မော်တော်ယာဉ်နှင့် ဈေးဆိုင်အချို့လည်း ပျက်စီးခဲ့ကြောင်း သိရသည်။ လတ်တလော KNLA နှင့် ပူးပေါင်းတပ်များက ဝေါလေဗျူဟာကုန်းကို ပိတ်ဆို့ထားသဖြင့် စစ်တပ်တွင် သောက်သုံးရေနှင့် ရိက္ခာများ ပြတ်လတ်နေပြီး လေကြောင်းမှတစ်ဆင့် လက်နက်နှင့် […] The post မြန်မာ-ထိုင်းနယ်စပ်တစ်လျှောက် စစ်တပ်က လေကြောင်းနှင့် လက်နက်ကြီးများဖြင့် တိုက်ခိုက်နေပြီး တိုက်ပွဲများ ပြင်းထန်၊ ဝေါလေမြို့တွင် အရပ်သား ၂ ဦး ဒဏ်ရာရပြီး ထိုင်းဘက်ခြမ်းသို့လည်း ဗုံးဆန်များကျရောက်သဖြင့် ပျက်စီးမှုများဖြစ်ပေါ်နေ appeared first on Khit Thit Media .
Go to News Site