Popular Journal
Credit to Popular Journal - ဧရာ၀တီတိုင်းဒေသကြီးသည် မြန်မာနိုင်ငံ၏ ဆန်စပါးအဓိကစိုက်ပျိုးထွက်ရှိရာဒေသဖြစ်ပြီး နွေစပါးစိုက်ဧက ၃၇ သိန်းကျော်၊ မိုးစပါးစိုက်ဧက ၁၅ သိန်းကျော် စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။ လက်ရှိအချိန်တွင် ဧရာ၀တီတိုင်းဒေသကြီးအတွင်း ဆောင်းစပါးများ ရိတ်သိမ်းနေသည့်ကာလဖြစ်သည်။ စပါးဧကအများစုမှာ ရိတ်သိမ်းပြီးစီးနေပြီဖြစ်ကာ ကျန်ရှိနေသောစပါးစိုက်ဧကများ ဆက်လက်ရိတ်သိမ်းနေချိန်လည်း ဖြစ်သည်။ ယခင်ဝယ်ယူထားသော ဆီလက်ကျန်ဖြင့်သာ စက်မောင်းပြီး စပါးရိတ်သိမ်းနေရခြင်းဖြစ်ကြောင်းနှင့် လက်ကျန်ဆီမရှိတော့ပါက စပါးဆက်လက်ရိတ်သိမ်းရန် အခက်အခဲများစွာရှိကြောင်း တောင်သူများက ဆိုသည်။ ‘’’’ထောက်ခံစာနဲ့ဝယ်ယူပေမယ့် ရှိတဲ့ဧကအတိုင်း မရောင်းပေးနိုင်ဘူးဖြစ်နေတယ်၊ အဲတော့ အပြင်ကနေ ဆီတစ်ချို့တစ်ဝက် ဝယ်မောင်းရတယ်၊ ဒီတိုင်းဆိုရင် လာမယ့်မိုးစပါးစိုက်မယ့်တောင်သူတွေအနေနဲ့ ဧကနည်းတဲ့တောင်သူတွေ လျော့သွားနိုင်ပါတယ်””ဟု တောင်သူကိုအောင်သူထက်က ပြောပြခဲ့သည်။ ဧရာ၀တီတိုင်းဒေသကြီးတွင် တိုင်းဒေသကြီးအစိုးရ၏အစီအစဥ်ဖြင့် ရတ်သိမ်းဆဲနှင့် ရိတ်သိမ်းရန် ကျန်ရှိသော လယ်များကို စာရင်းပြုစုပြီး ပေးပို့ထားပြီးဖြစ်ကြောင်း၊ လတ်တလောအနေဖြင့် တစ်ဧကလျှင် နှစ်ဂါလံနှုန်း ရောင်းချပေးနေသောကြောင့် အနည်းငယ်ခံသာမှုရှိသော်လည်း […] The post စက်သုံးဆီအခက်အခဲ ဆက်လက်ဖြစ်ပွားနေပါက လာမည့်မိုးရာသီတွင် မိုးစပါးစိုက်ဧက လျော့နည်းသွားနိုင်သဖြင့် စက်သုံးဆီနှင့် သွင်းအားစုများပါ သက်သာသောနှုန်းထားဖြင့် ရောင်းချပေးနိုင်ရန် တောင်သူများ တောင်းဆို appeared first on Popular .
Go to News Site