Khit Thit Media
ရန်ကုန်၊ ဧပြီ ၂၁ ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်နှင့် ကျောက်ကြီးမြို့နယ်တို့တွင် အကြမ်းဖက် စစ်တပ်က ကျေးရွာများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ပြီး မိုင်းနင်းမိ၍ ပြည်သူ ၁ ဦး ထိခိုက်ဒဏ်ရာရကာ နေအိမ်များ ပျက်စီးခဲ့ကြောင်း KNU-ဗဟိုက ထုတ်ပြန်သည်။ ယမန်နေ့ ဧပြီလ ၂၀ ရက်နေ့တွင် ကျောက်ကြီးမြို့နယ်၊ သဲဖြူရွာဟောင်းတွင် နေထိုင်သော အသက် ၅၅ နှစ်အရွယ် ဦးသန်းဦးသည် ဇရပ်ခင်ရွာသို့ သွားရောက်စဉ် ဇရပ်ခင်ကျေးရွာအတွင်း အကြမ်းဖက် စစ်တပ်က ထောင်ထားခဲ့သော မြေမြှုပ်မိုင်းနင်းမိပြီး ညာဘက်ခြေထောက်ပြတ်ကာ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ အလားတူ ဧပြီလ ၁၆ ရက်နေ့ကလည်း ရွှေကျင်မြို့နယ်အတွင်းရှိ တကော်ကွီးနေရာအတွင်းကို အကြမ်းဖက် စစ်တပ်က ဒရုန်းဖြင့် မီးလောင်ဗုံး ၂ လုံး ကျဲချ […] The post ရွှေကျင်နှင့် ကျောက်ကြီးမြို့နယ်တို့တွင် စစ်တပ်က ကျေးရွာများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ပြီး မိုင်းနင်းမိ၍ ပြည်သူ ၁ ဦး ထိခိုက် ဒဏ်ရာရကာ နေအိမ်များ ပျက်စီး appeared first on Khit Thit Media .
Go to News Site