Popular Journal
Credit to Popular Journal - နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုကော်မတီ (NSPNC) ၏ NCA သဘောတူစာချုပ်ချုပ်ဆိုနိုင်ရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအောင်မြင်စွာအကောင်အထည်ဖော်နိုင်ရေးတို့အတွက် ညီညွတ်ရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးပါတီက အပြည့်အဝထောက်ခံအားပေးကူညီသွားမည်ဟု ယနေ့ ဧပြီ ၂၂ ရက်တွင် ပါတီကသဘောထားထုတ်ပြန်ချက်အဖြစ် ထုတ်ပြန်ခဲ့သည်။ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးတို့အတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် ဆွေးနွေးညှိနှိုင်းမှုများဆက်လက်ဆောင်ရွက်ရန် ဖိတ်ခေါ်မှုကိုလည်း ပါတီအနေဖြင့် ဂုဏ်ယူဝမ်းမြောက်သည်ဟု ဖော်ပြထားသည်။ ထို့ပြင် NCA သဘောတူစာချုပ်ချုပ်ဆိုနိုင်ရေးသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနှင့် ပြည်သူလူထု၏ လူမှုအကျိုးစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံအုတ်မြစ်ဖြစ်သည်ကိုလည်း အပြည့်အဝယုံကြည်သဘောတူထောက်ခံသည်ဟု ထုတ်ပြန်ဖော်ပြခဲ့သည်။ ထို့ကြောင့် အနာဂတ်တွင်လည်း နိုင်ငံတော်တည်ငြိမ်ရေးနှင့် ရေရှည်ငြိမ်းချမ်းရေးရရှိနိုင်ရေးအတွက် NSPNC နှင့် နီးကပ်စွာပူးပေါင်းဆောင်ရွက်ရန် ဆန္ဒအပြည့်အဝရှိသည်ဟု ညီညွတ်ရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးပါတီက ထုတ်ပြန်ခဲ့သည်။ The post ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရန် ညီညွတ်ရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးပါတီက အပြည့်အဝထောက်ခံအားပေးကူညီမည် appeared first on Popular .
Go to News Site