Popular Journal
Credit to Popular Journal - စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် အိမ်ထောင်စုလူဦးရေစာရင်း ကိုင်ဆောင်လက်မှတ်တစ်မျိုးမျိုး ထုတ်ပေးခြင်းနှင့် UID (Unique Identity) ထုတ်ပေးခြင်း ရက်(၁၀၀)စီမံချက် ကွင်းဆင်းဆောင်ရွက်ခြင်းကို ဧပြီလ(၂၀)ရက်က ခန္တီးမြို့၊ ဇီးဖြူကုန်းရပ်ကွက် အခြေခံ ပညာအလယ်တန်းကျောင်းတွင်ဆောင်ရွက်ခဲ့သည်။ “အခုလိုဆောင်ရွက်ပေးတာဟာ အစိုးရသစ် ပထမရက် (၁ ၀၀) ကာလအတွင်းလူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန် ကြီးဌာနအနေနဲ့ အသက်(၁၀)နှစ်ပြည့်ပြီးဖြစ်ပေမယ့် နိုင်ငံသားစိစစ်ရေးကတ်ပြား ကိုင်ဆောင်ထားခြင်းမရှိသေးသူတွေကို ဆောင်ရွက်ပေးတာဖြစ်ပါတယ်”ဟု ခန္တီးမြို့ နယ်ဦးစီးမှူး ဦးနိုင်လင်းအောင်က ပြောသည်။ ကွင်းဆင်းဆောင်ရွက်ရာသို့ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ခန္တီးခရိုင်ဦးစီးမှူး ဦးစိုးထွန်းအောင်နှင့် ခန္တီးမြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းသန်းထိုက်နှင့် အဖွဲ့ဝင်များကလိုက်လံကြည့်ရှုပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။ The post အိမ်ထောင်စု လူဦးရေစာရင်းကိုင်ဆောင်လက်မှတ်တစ်မျိုးမျိုးထုတ်ပေးခြင်းနှင့် UID (Unique Identity) ထုတ်ပေးခြင်း ရက်(၁၀၀)စီမံချက် ကွင်းဆင်းဆောင်ရွက်နေ appeared first on Popular .
Go to News Site