Collector
ကိုရင်ငယ်အား ရို-က်နှက်ခဲ့သည့် ဦးဇင်းအား သံဃာ့နာယကဆရာတော်များ စစ်ဆေးနေ | Collector
ကိုရင်ငယ်အား ရို-က်နှက်ခဲ့သည့် ဦးဇင်းအား သံဃာ့နာယကဆရာတော်များ စစ်ဆေးနေ
Popular Journal

ကိုရင်ငယ်အား ရို-က်နှက်ခဲ့သည့် ဦးဇင်းအား သံဃာ့နာယကဆရာတော်များ စစ်ဆေးနေ

Credit to Popular Journal - လူမှုကွန်ရက်စာမျက်နှာတွင် ပျံ့နှံ့ခဲ့သည့် ကိုရင်ငယ်တစ်ပါးအား အချက်ပေါင်းများစွာရို-က်နှက်ခဲ့သည့် ဦးဇင်းအား သံဃာ့နာယက ဆရာတော်များ စစ်ဆေးနေကြောင်း သိရသည်။ အဆိုပါ ဦးဇင်းသည် မြိတ်မြို့၊ ကျောက်ဖြူတောင်၊ ပဋိပတ္တိတောရကျောင်းတွင် သတင်းသုံးနေသည့် ဘွဲ့အမည် ဦးတေဇဟု သိရသည်။ လူမှုကွန်ရက်တွင် တွေ့ရှိခဲ့သော ရုပ်သံအရ ဦးဇင်းတစ်ပါးမှ ကိုရင်ငယ်တစ်ပါးကို ပြင်းထန်စွာ အဆက်မပြတ်ရို-က်နှက်နေသည်ကို တွေ့ရသည်။ ထို့ကြောင့် သက်ဆိုင်ရာအာဏာပိုင်များနှင့် သံဃာအဖွဲ့အစည်းမှ အရေးယူမှုပြုနိုင်ရန် ဆောင်ရွက်ခဲ့ခြင်းလည်း ဖြစ်သည်။ “မနက်ဖြန် (၁၂) နာရီမတိုင်ခင်မှာ အားလုံးက စီစဉ်ပြီးသားဖြစ်သွားမှာပါ။ အရေးယူနိုင်အောင်လည်း စီစဉ်ဆောင်ရွက်နေပါပြီ” ဟု ပါဝင်ဆောင်ရွက်နေသည့် သံဃာတစ်ပါးကလည်း မိန့်သည်။ လက်ရှိအချိန်တွင် အဆိုပါ ဆရာတော်အား သက်ဆိုင်ရာမြို့နယ် သံဃာ့နာယကအဖွဲ့က ခေါ်ယူစစ်ဆေးနေဆဲ ဖြစ်သည်။ ဓာတ်ပုံ- လူမှုကွန်ရက် The post ကိုရင်ငယ်အား ရို-က်နှက်ခဲ့သည့် ဦးဇင်းအား သံဃာ့နာယကဆရာတော်များ စစ်ဆေးနေ appeared first on Popular .

Go to News Site