Collector
ထိုင်း၌ ကြာသပတေးမှစနေနေ့အထိ နွေရာသီမုန်တိုင်းကိုသတိပေးထား | Collector
ထိုင်း၌ ကြာသပတေးမှစနေနေ့အထိ နွေရာသီမုန်တိုင်းကိုသတိပေးထား
Popular Journal

ထိုင်း၌ ကြာသပတေးမှစနေနေ့အထိ နွေရာသီမုန်တိုင်းကိုသတိပေးထား

Credit to Popular Journal - ကြာသပတေးနေ့မှ စနေနေ့အထိ ထိုင်းနိုင်ငံအထက်ပိုင်းသို့ မုန်တိုင်းများကျရောက်နိုင်ပြီး မိုးကြိုးမုန်တိုင်းနှင့် လေပြင်းများတို-က်ခတ်နိုင်ကြောင်း မိုးလေဝသဌာနက သတိပေးချက်ထုတ်ပြန်ထားသည်။ ဧပြီလ ၂၃ ရက် နေ့မှ ၂၅ ရက် နေ့အတွင်း အချို့နေရာများတွင် မိုးကြိုးမုန်တိုင်း၊ လေပြင်းတို-က်ခတ်ခြင်း၊ မိုးကြိုးပ-စ်ခြင်းနှင့် မိုးသီးကြွေခြင်း စသည့် လက္ခဏာရပ်များကြောင့် ထိုင်းနိုင်ငံအထက်ပိုင်း နွေရာသီမုန်တိုင်းများ ကြုံတွေ့ရနိုင်သည်ဟု ဗုဒ္ဓဟူးနေ့နံနက်က ဒုတိယသတိပေးချက်ထုတ်ပြန်ခဲ့သည်။ မုန်တိုင်းများသည် မြောက်၊ အရှေ့မြောက်နှင့် အရှေ့ဘက်တို့ကို အစောပိုင်းတွင် သက်ရောက်မှုရှိပြီး နောက်ပိုင်းတွင် ဘန်ကောက်နှင့် ယင်း၏အနီးတစ်ဝိုက်အပါအဝင် အလယ်ပိုင်းလွင်ပြင်များသို့ ပျံ့နှံ့သွားမည်ဖြစ်ကြောင်း အဆိုပါဌာနက ဆိုသည်။ Ref ဘန်ကောက်ပို့စ် The post ထိုင်း၌ ကြာသပတေးမှစနေနေ့အထိ နွေရာသီမုန်တိုင်းကိုသတိပေးထား appeared first on Popular .

Go to News Site