Popular Journal
Credit to Popular Journal - အာဆီယံတွင်း ဖြစ်ပေါ်တိုးတက် မှုများနှင့် ဒေသတွင်းနှင့် နိုင်ငံတကာကိစ္စရပ်များအပေါ် နှစ်ဖက်အမြင်ချင်းဖလှယ် ဆွေးနွေး အာဆီယံဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်၊ သံအမတ်ကြီး ဦးအောင်မျိုးမြင့် သည် အာဆီယံအတွင်းရေးမှူးချုပ် Dr. Kao Kim Hourn အား ယမန်နေ့ ( ဧပြီ ၂၁)ရက်တွင် အာဆီယံအတွင်းရေးမှူးချုပ်ရုံး၌ သွားရောက်တွေ့ဆုံခဲ့ကြောင်း သိရသည်။ ယင်းသို့တွေ့ဆုံစဉ် အာဆီယံအသိုက်အဝန်းတည်ဆောက်ရေးတွင် အာဆီယံ မဏ္ဍိုင် (၃) ရပ်အောက်မှတစ်ဆင့် ဆောင်ရွက်နေမှုများအပါအဝင် အာဆီယံတွင်း ဖြစ်ပေါ်တိုးတက် မှုများနှင့် ဒေသတွင်းနှင့် နိုင်ငံတကာကိစ္စရပ်များအပေါ် နှစ်ဖက်အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ ကြောင်း သိရသည်။ ထိုနောက် မြန်မာအမြဲတမ်းကိုယ်စားလှယ်က မြန်မာနိုင်ငံ၌ အထွေထွေရွေးကောက်ပွဲကို အောင်မြင်စွာကျင်းပခဲ့ပြီးနောက် လွှတ်တော်အစည်းအဝေးများကျင်းပ၍ ဧပြီ ၁၀ ရက်နေ့တွင် အစိုးရသစ်ကိုဖွဲ့စည်းခဲ့ပြီး ဖြစ်ကြောင်း ကို ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။ […] The post အာဆီယံဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်နှင့် အာဆီယံအတွင်းရေးမှူးချုပ်တို့ တွေ့ဆုံ appeared first on Popular .
Go to News Site