Khit Thit Media
ရန်ကုန်၊ ဧပြီ ၂၂ အာဆီယံအဖွဲ့၏ အသိအမှတ်ပြုမှု ပြန်လည်ရရှိရေးအတွက် အတတ်နိုင်ဆုံး ကြိုးပမ်းသွားမည်ဟု မင်းအောင်လှိုင်က ပြောကြားလိုက်သော်လည်း တစ်ဖက်တွင်မူ အာဆီယံအနေဖြင့် လူမှုကွန်ရက်ပေါ်ရှိ သတင်းအမှားများကို အခြေခံကာ မိမိတို့အပေါ် ဖိအားပေးနေသည်ဟု ညည်းတွား ဝေဖန်လိုက်သည်။ ယမန်နေ့ နေပြည်တော်တွင် ပြုလုပ်သော အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်း အဝေးတွင် မင်းအောင်လှိုင်က အထက်ပါအတိုင်း ညဉ်းတွားလိုက်ခြင်းဖြစ်သည်။ မင်းအောင်လှိုင်က ၎င်းအနေဖြင့် သူ့ကိုယ်သူ သမ္မတအဖြစ် တင်မြှောက် ကျမ်းသစ္စာကျိန်ဆိုစဉ်ကတည်းက အာဆီယံနှင့် အကောင်းဆုံးဖြစ်အောင် ပူးပေါင်းဆောင်ရွက်မည်ဟု ပြောကြားခဲ့ဖူးကြောင်း၊ လက်ရှိတွင်လည်း အာဆီယံဘုံသဘောတူညီချက် ၅ ရပ်၌ ပါဝင်သည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကိစ္စရပ်များကို အတတ်နိုင်ဆုံး ပူးပေါင်းဆောင်ရွက်နေကြောင်း အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ (ကာလုံ) အစည်းအဝေးတွင် ပြောကြားသည်။ သို့သော်လည်း အာဆီယံအဖွဲ့အတွင်းမှ အချို့သော […] The post အာဆီယံအဖွဲ့က လူမှုကွန်ရက်မှ သတင်းအမှားများအပေါ် အခြေခံ၍ ဖိအားပေးနေဟု မင်းအောင်လှိုင် ညည်းတွား၊ အာဆီယံအဖွဲ့၏ အသိအမှတ်ပြုမှုရရန် ကြိုးပမ်းရန် မင်းအောင်လှိုင် ပြော appeared first on Khit Thit Media .
Go to News Site