Collector
မန္တလေးငလျင်ကြီးဒ-ဏ်ကြောင့် ပျ-က်စီးမှုများဖြစ်ပေါ်ခဲ့သည့် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ အားကစားကွင်း/အားကစားရုံအချို့ ပြန်လည်ပြင်ဆင်ပြီးဖြစ် | Collector
မန္တလေးငလျင်ကြီးဒ-ဏ်ကြောင့် ပျ-က်စီးမှုများဖြစ်ပေါ်ခဲ့သည့် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ အားကစားကွင်း/အားကစားရုံအချို့ ပြန်လည်ပြင်ဆင်ပြီးဖြစ်
Popular Journal

မန္တလေးငလျင်ကြီးဒ-ဏ်ကြောင့် ပျ-က်စီးမှုများဖြစ်ပေါ်ခဲ့သည့် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ အားကစားကွင်း/အားကစားရုံအချို့ ပြန်လည်ပြင်ဆင်ပြီးဖြစ်

Credit to Popular Journal - မန္တလေးငလျင်ကြီးဒ-ဏ်ကြောင့် ပျ-က်စီးမှုများဖြစ်ပေါ်ခဲ့သည့် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ အားကစားကွင်း/အားကစားရုံအချို့ပြန်လည်ပြင်ဆင်ပြီးဖြစ်၍ အားကစားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးရဲမြင့်ထွန်းမှ ဧပြီ ၂၁ ရက်က ကြည့်ရှုစစ်ဆေးခဲ့သည်။ ဝဏ္ဏသိဒ္ဓိအားကစားကွင်း VIP မှန်ဧည့်ခန်းမမျက်နှာကျက်နှင့် အခန်းပတ်လည်မျက်နှာစာမှန်များတပ်ဆင်ပြီးစီးမှု၊ Synthetic ပြေးလမ်းခင်းကျင်းပြီးစီးမှု၊ ဘောလုံးကွင်းမြက်ခင်းပြင်နှင့် ရေဖြန်းစနစ်တပ်ဆင်ထားရှိမှုတို့အားကြည့်ရှုစစ်ဆေးခဲ့သည်။ ထို့ပြင် ဝဏ္ဏသိဒ္ဓိအားကစားရုံ (A)၊ (B)နှင့် (C)၊ ဝဏ္ဏသိဒ္ဓိရေကူးကန်အတွင်းရှိ ပြိုင်ပွဲကန်၊ ဒိုင်ဗင်ကန်၊ လေ့ကျင့်ရေးရေကူးကန်၊ ဖူဆယ်အားကစားရုံ၊ လက်ဝှေ့အားကစားရုံ၊ ဘိလိယက်နှင့်စနူကာအားကစားရုံ၊ မြားပစ်အားကစားကွင်း၊ ဘိုးလင်းအားကစားခန်းမတို့အား ပြန်လည်ပြုပြင်နေမှုများနှင့် ပြင်ဆင်ဆောင်ရွက်ပြီးစီးမှုတို့ကိုလည်း ကြည့်ရှုစစ်ဆေးခဲ့သည်။ ထိုသို့ ကြည့်ရှုစစ်ဆေးပြီးနောက် အားကစားကွင်း/အားကစားရုံများသည် နိုင်ငံ၏ အားကစားအဆင့်အတန်းကိုဖော်ပြနေသည့်ပြယုဂ်တစ်ခုဖြစ်၍ ရေရှည်တည်တံ့ပြီး ပြည်သူများကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းများ လာရောက်လေ့ကျင့်ကစားနိုင်စေရန်နှင့် မျိုးဆက်သစ် အားကစားသမားများ ပိုမိုမွေးထုတ်ပေးနိုင်စေရေးတို့အတွက် စနစ်တကျစီမံဆောင်ရွက်ရန် ပြည်ထောင်စုဝန်ကြီးက မှာကြားခဲ့သည်။ The post မန္တလေးငလျင်ကြီးဒ-ဏ်ကြောင့် ပျ-က်စီးမှုများဖြစ်ပေါ်ခဲ့သည့် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ အားကစားကွင်း/အားကစားရုံအချို့ ပြန်လည်ပြင်ဆင်ပြီးဖြစ် appeared first on Popular .

Go to News Site