Popular Journal
Credit to Popular Journal - နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေနှင့် မြန်မာနိုင်ငံသို့အလုပ်သဘောခရီးစဉ်ရောက်ရှိနေသည့် ထိုင်းနိုင်ငံ ဒု-ဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး H.E. Mr. Sihasak Phuangketkaew တို့ ဧပြီ ၂၂ ရက်ကတွေ့ဆုံခဲ့ကြသည်။ တွေ့ဆုံစဥ် ပြည်ထောင်စုဝန်ကြီးက မြန်မာအစိုးရ၏ ကြိုးပမ်းဆောင်ရွက်မှုများကို ထိုင်းနိုင်ငံက ထောက်ခံ ပံ့ပိုးပေးခြင်းအတွက်ကျေးဇူးတင်ကာ နှစ်နိုင်ငံနယ်စပ်ဒေသများ၌ တည်ငြိမ်အေးချမ်းမှုသည် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို အထောက်အကူပြုစေမည့်အပြင် နှစ်နိုင်ငံနယ်စပ်နေပြည်သူများ၏ သာယာဝပြောရေးအတွက် အထူးအရေးကြီးရာ နယ်စပ်ဒေသရှိ စိန်ခေါ်မှုများကိုဖြေရှင်းရာ၌ နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်ရန်လိုအပ်သည်ဟု ပြောကြားသည်။ ထို့ပြင် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ထိုင်းနိုင်ငံကပံ့ပိုးပေးရန်ဆန္ဒရှိမှုကို ကြိုဆိုကာ မြန်မာနိုင်ငံအနေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA)မူဘောင်ကိုအခြေခံ၍ ဆက်လက်ဆောင်ရွက်သွားမည်ဟု အလေးပေးပြောကြားခဲ့သည်။ ထို့အတူ ထိုင်းနိုင်ငံ ဒု-ဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန် ကြီးကလည်း ထိုင်းနိုင်ငံအနေဖြင့် နိုင်ငံတော်သမ္မတ […] The post မြန်မာ-ထိုင်းနှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးများတွေ့ဆုံ နှစ်နိုင်ငံလုံးတွင် အစိုးရသစ်များဖွဲ့စည်းခဲ့ပြီး အရေး ကြီးသည့်အကူးအပြောင်းကာလဖြစ်၍ ပူးပေါင်းဆောင်ရွက်မှုများပိုမိုမြှင့်တင်ရန်ဆွေးနွေး appeared first on Popular .
Go to News Site