Popular Journal
Credit to Popular Journal - ဒု-သမ္မတဦးညိုစော ဥက္ကဋ္ဌအဖြစ်တာဝန်ယူကာ ဒု-ဥက္ကဋ္ဌ(၁)ဦး၊ အတွင်းရေးမှူး(၁)ဦးနှင့် အဖွဲ့ဝင်(၃)ဦးတို့ပါဝင်သည့် နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီဖွဲ့စည်းခဲ့ကြောင်း နိုင်ငံတော်သမ္မတရုံးမှ အမိန့်အမှတ် ၄၅ / ၂၀၂၆ ဖြင့် ဧပြီ ၂၁ ရက်ကထုတ်ပြန်ခဲ့သည်။ ကော်မတီအား နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက် မှုအတွက် နိုင်ငံခြားငွေလဲလှယ်နှုန်းတည်ငြိမ်စေရေးနှင့် နိုင်ငံခြားငွေအားထိရောက်စွာအသုံးပြုနိုင်ရေးတို့အတွက် လိုအပ်သည့်လုပ်ငန်းတာဝန်များကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ ကော်မတီသည် နိုင်ငံအတွင်းရှိ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၊ ကုန်ထုတ်လုပ်မှုလုပ်ငန်းများက လိုအပ်သည့် စက်ပစ္စည်းများ၊ လုပ်ငန်းသုံးယာဉ်ယန္တရားများ၊ ကုန်ထုတ်လုပ်မှုအတွက်လိုအပ်သည့် အသုံးအဆောင်များနှင့် ကုန်ကြမ်းပစ္စည်းများတင်သွင်းရာ၌ လိုအပ်သည့် နိုင်ငံခြားသုံးငွေအားစိစစ်ခွင့်ပြုခြင်း၊ ပြည်သူများ စားဝတ်နေရေးအတွက်လိုအပ်သည့် စက်သုံးဆီ၊ ဆေးဝါး၊ စားသုံးဆီ၊ ဓာတ်မြေဩဇာ၊ ပိုးသတ်ဆေး၊ ပြည်တွင်း၌ ဝယ်ယူရရှိနိုင်ခြင်းမရှိသည့် တည်ဆောက်ရေးလုပ်ငန်းသုံးပစ္စည်းများဝယ်ယူတင်သွင်းရာတွင် လိုအပ်သည့် နိုင်ငံခြားသုံးငွေအားစိစစ်ခွင့်ပြုခြင်းတို့ကို ဆောင်ရွက်ရမည်ဖြစ်သည်။ ထို့ပြင် နိုင်ငံသားများ လူမှုရေးကိစ္စဖြင့် ပြည်ပသို့သွား ရောက်ဆေးကုသခြင်း၊ ပညာရေးအတွက်သွားရောက်ခြင်းနှင့် ဘာသာရေးအတွက်သွားရောက်ခြင်းတို့အတွက်လိုအပ်သည့် […] The post ဒု-သမ္မတဦးညိုစော ဥက္ကဋ္ဌအဖြစ်တာဝန်ယူမည့် နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီဖွဲ့စည်း appeared first on Popular .
Go to News Site