Collector
ကိုရင်ငယ်အား ပြင်းထန်စွာရို-က်နှက်ခဲ့သည့် ဦးဇင်းအား လူဝတ်လဲ အရေးယူ | Collector
ကိုရင်ငယ်အား ပြင်းထန်စွာရို-က်နှက်ခဲ့သည့် ဦးဇင်းအား လူဝတ်လဲ အရေးယူ
Popular Journal

ကိုရင်ငယ်အား ပြင်းထန်စွာရို-က်နှက်ခဲ့သည့် ဦးဇင်းအား လူဝတ်လဲ အရေးယူ

Credit to Popular Journal - လူမှုကွန်ရက်စာမျက်နှာတွင် ပြန့်နှံ့ခဲ့သည့် ကိုရင်ငယ်တစ်ပါးအား ဆက်တိုက်ရို-က်နှက်ခဲ့သူ ဦးဇင်းအား လူဝတ်လဲကာ ရာဇသတ်ကြီး ပုဒ်မ ၂၉၅ – (က) ဖြင့်အရေးယူမည် ဖြစ်ကြောင်း သိရသည်။ “လူဝတ်လဲပြီး ရာဇသတ်ကြီးပုဒ်မ ၂၉၅ – (က) နဲ့ အရေးယူဆောင်ရွက်ထားပါကြောင်း အများပြည်သူ သိစေအပ်ပါသည်” ဟု ယင်းအမှုနှင့်ပတ်သက်ပြီး လိုက်ပါဆောင်ရွက်နေသည့် ဆရာတော် ဦးသုနန္ဒက လူမှုကွန်ရက်တွင် ဖော်ပြသည်။ ဖြစ်စဉ်တွင် လူမှုကွန်ရက်တွင်တွေ့ရှိခဲ့သော ရုပ်သံအရ ဦးဇင်းတပါးမှ ကိုရင်ငယ်တပါးကို ပြင်းထန်စွာ အဆက်မပြတ်ရို-က်နှက်နေခြင်းကို  တွေ့ရသည်။ ထို့ကြောင့် သက်ဆိုင်ရာအာဏာပိုင်များနှင့် သံဃာအဖွဲ့အစည်းမှ အရေးယူမှုပြုနိုင်ရန် ဆောင်ရွက်ခဲ့ခြင်းလည်း ဖြစ်သည်။ The post ကိုရင်ငယ်အား ပြင်းထန်စွာရို-က်နှက်ခဲ့သည့် ဦးဇင်းအား လူဝတ်လဲ အရေးယူ appeared first on Popular .

Go to News Site