Collector
အာဆီယံနှင့်ဆက်ဆံရေး ပုံမှန်ပြန်ဖြစ်ရန် မြန်မာ၏ ကြိုးပမ်းမှုကို ထိုင်း ထောက်ခံမည် | Collector
အာဆီယံနှင့်ဆက်ဆံရေး ပုံမှန်ပြန်ဖြစ်ရန် မြန်မာ၏ ကြိုးပမ်းမှုကို ထိုင်း ထောက်ခံမည်
Popular Journal

အာဆီယံနှင့်ဆက်ဆံရေး ပုံမှန်ပြန်ဖြစ်ရန် မြန်မာ၏ ကြိုးပမ်းမှုကို ထိုင်း ထောက်ခံမည်

Credit to Popular Journal - အရှေ့တောင်အာရှနိုင်ငံများအသင်း အာဆီယံနှင့် ငါးနှစ်ကြာ ဆက်ဆံရေးဝေးကွာနေခဲ့ပြီးနောက် ဆက်ဆံရေးကို ပုံမှန်ပြန်ဖြစ်စေရန် မြန်မာနိုင်ငံ၏ ကြိုးပမ်းမှုတွင် ထိုင်းနိုင်ငံက ဦးဆောင်အခန်းကဏ္ဍမှ ပါဝင်လိုကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ဗုဒ္ဓဟူးနေ့တွင် သမ္မတ ဦးမင်းအောင်လှိုင်နှင့် တွေ့ဆုံမှုမတိုင်မီ ထုတ်ဖော်ပြောကြားခဲ့သည်။ မကြာသေးမီက ရွေးကောက်ပွဲအပြီးတွင် ဦးမင်းအောင်လှိုင်ကို ဧပြီလ ၃ ရက်နေ့တွင် လွှတ်တော်က သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခဲ့သည်။ သူတို့အာဆီယံကို ပြန်လာတာကို ကျွန်တော်တို့ ထောက်ခံလိုပါတယ်။ ကျွန်တော်တို့ရဲ့ မူဝါဒက “သူတို့ကို ပြန်ခေါ်လာဖို့အတွက် ကျွန်တော်တို့နဲ့ ထိတွေ့ဆက်ဆံမှုမှာ ဆောင်ရွက်စရာ ရှိတာတွေကို လုပ်ဆောင်ဖို့ပါပဲ” ဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟာဆက် ဖောင်ကက်ကောက သတင်းထောက်များကို ပြောကြားခဲ့သည်။ “ဒါပေမဲ့ သူတို့အာဆီယံကို ပြန်လာဖို့အတွက် အာဆီယံရဲ့ စိုးရိမ်ပူပန်မှုတွေကို ဆက်လက်တုန့်ပြန်ဆောင်ရွက်ရပါမယ်” ဟု သူက ဆိုသည်။ မြန်မာနိုင်ငံသည် […] The post အာဆီယံနှင့်ဆက်ဆံရေး ပုံမှန်ပြန်ဖြစ်ရန် မြန်မာ၏ ကြိုးပမ်းမှုကို ထိုင်း ထောက်ခံမည် appeared first on Popular .

Go to News Site