Collector
ရန်ကုန်တွင် နေ့အပူချိန်များ ဆက်လက်မြင့်တက်နိုင်ဟု မိုး/ဇလ သတိပေး | Collector
ရန်ကုန်တွင် နေ့အပူချိန်များ ဆက်လက်မြင့်တက်နိုင်ဟု မိုး/ဇလ သတိပေး
Popular Journal

ရန်ကုန်တွင် နေ့အပူချိန်များ ဆက်လက်မြင့်တက်နိုင်ဟု မိုး/ဇလ သတိပေး

Credit to Popular Journal - ရန်ကုန်တိုင်းဒေသကြီးအတွင်း နေထိုင်ကြသူများအနေဖြင့် လာမည့်ရက်များတွင် ပိုမိုပူပြင်းသည့် ရာသီဥတုအခြေ အနေနှင့် ရင်ဆိုင်ရဖွယ်ရှိနေသည်ဟု ယနေ့တွင် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတိပေးထားသည်။ ​နောက် ၂ ရက်အတွက် ခန့်မှန်းချက်အရ ရန်ကုန်အပါအဝင် မြန်မာနိုင်ငံအလယ်ပိုင်းနှင့် အောက်ပိုင်းဒေသများတွင် နေ့အပူချိန်များ အနည်းငယ် ထပ်မံတိုးလာနိုင်ကြောင်းနှင့် ဧပြီလမှာ ပူပြင်းသည့်ကာလဖြစ်သည်နှင့်အညီ အပူဒဏ်အန္တရာယ်ကို ဒေသခံများအနေဖြင့် ဂရုပြုရန် လိုအပ်ကြောင်း သိရသည်။ ထို့ကြောင့် လာမည့်ရက်များတွင် အပူ ချိန်တိုးလာနိုင်သည့်အတွက် အပြင်ထွက်ပါက နေရောင်ခြည်ဒဏ်ကို ကာကွယ်ရန်နှင့် ရုတ်တရက် ဖြစ်ပေါ်လာနိုင်သည့် မိုးသက်လေပြင်းများ (မိုးတိမ်တောင်ဖြစ်စဉ်များ)ကို သတိပြုနေထိုင်ကြပါရန် တိုက်တွန်းနှိုးဆော်ထားသည်။ ရန်ကုန်တိုင်းတွင် မိုးရွာသွန်းရန် အလားအလာ နည်းပါးသေးသော်လည်း တိမ်အသင့်အတင့် ဖြစ်ထွန်းမည့်အခြေအနေတွင် ရှိနေ‌ကြောင်း သိရသည်။ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်ခြေ (၈၀) ရာခိုင်နှုန်းအထိရှိနေပြီး ရန်ကုန်တွင်လည်း […] The post ရန်ကုန်တွင် နေ့အပူချိန်များ ဆက်လက်မြင့်တက်နိုင်ဟု မိုး/ဇလ သတိပေး appeared first on Popular .

Go to News Site