Khit Thit Media
ရန်ကုန်၊ ဧပြီ ၂၃ မြန်မာနှစ်သစ်ကူးကာလ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် အကျဉ်းသား ၄,၅၀၀ ကျော် လွတ်မြောက်လာရာတွင် သမ္မတဦးဝင်းမြင့် ပါဝင်လာခြင်းအပေါ် ကနေဒါနိုင်ငံက ကြိုဆိုကြောင်း ယမန်နေ့ တရားဝင် ကြေညာချက်ထုတ်ပြန်သည်။ အထူးသဖြင့် ကနေဒါနိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် ဦးဝင်းမြင့်ကို “မြန်မာ နိုင်ငံသမ္မတ” (Myanmar President) ဟူသော အသုံးအနှုန်းဖြင့်ပင် တရားဝင် ဆက်လက်အသိအမှတ်ပြု သုံးစွဲလိုက်ခြင်းဖြစ်သည်။ ကနေဒါအစိုးရက သမ္မတဦးဝင်းမြင့် လွတ်မြောက်လာမှုကို ကြိုဆိုသော်လည်း အခြေအနေများမှာ ပြည့်စုံမှုမရှိသေးကြောင်း ထောက်ပြထားသည်။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဖမ်းဆီးထိန်း သိမ်းခံထားရသည့် နိုင်ငံရေးအကျဉ်းသားအားလုံးကို မည်သည့်စည်းကမ်းချက်မျှ မထားဘဲ ခြွင်းချက်မရှိ အမြန်ဆုံးပြန်လည်လွှတ်ပေးရန် ကနေဒါနိုင်ငံက အလေးအနက် ထပ်မံတောင်းဆိုထားသည်။ မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေသည့် အကြမ်းဖက်မှုများကို အမြန်ဆုံးရပ်တန့်ရန်နှင့် ပြည်သူလူထုအတွက် ငြိမ်းချမ်းသော ရလဒ်တစ်ခု ထွက်ပေါ်လာစေရန် […] The post ဦးဝင်းမြင့်ကို မြန်မာနိုင်ငံသမ္မတအဖြစ် ကနေဒါအစိုးရက ဆက်လက်သုံးစွဲပြီး ဒေါ်အောင်ဆန်းစုကြည်ကိုလည်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ် ဆက်လက် ခေါ်ဝေါ် ၊ သမ္မတ ဦးဝင်းမြင့် လွတ်မြောက်လာမှုကို ကြိုဆိုပြီး ဒေါ်အောင်ဆန်းစုကြည်နှင့်နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးရန် တောင်းဆို appeared first on Khit Thit Media .
Go to News Site