Collector
ဖမ်းဆီးထားသော ဒေါ်အောင်ဆန်းစုကြည်ကို ကောင်းမွန်စွာ စောင့်ရှောက်ထားဟု မင်းအောင်လှိုင်က ထိုင်းနိုင်ငံခြားရေးဝန်ကြီးကို ပြော | Collector
ဖမ်းဆီးထားသော ဒေါ်အောင်ဆန်းစုကြည်ကို ကောင်းမွန်စွာ စောင့်ရှောက်ထားဟု မင်းအောင်လှိုင်က ထိုင်းနိုင်ငံခြားရေးဝန်ကြီးကို ပြော
Khit Thit Media

ဖမ်းဆီးထားသော ဒေါ်အောင်ဆန်းစုကြည်ကို ကောင်းမွန်စွာ စောင့်ရှောက်ထားဟု မင်းအောင်လှိုင်က ထိုင်းနိုင်ငံခြားရေးဝန်ကြီးကို ပြော

ရန်ကုန်၊ ဧပြီ ၂၃ အကြမ်းဖက်စစ်တပ်က မတရားဖမ်းဆီးထားသော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ လူထုခေါင်း ဆောင် ဒေါ်အောင်ဆနးစုကြည်ကို ကောင်းမွန်စွာ စောင့်ရှောက်ထားသည်ဟု အကြမ်းဖက် မင်းအောင်လှိုင်က ပြောဆိုကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး Sihasak Phuangketkeow က​ ပြောဆိုသည်။ ယမန်နေ့ နေပြည်တော်တွင် အကြမ်းဖက် မင်းအောင်လှိုင်ကို သွားရောက်တွေ့ဆုံခဲ့သော ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ထိုသို့ ထုတ်ဖော်ပြောဆိုခြင်းဖြစ်ကြောင်း ရိုက်တာသတင်းဌာနက သတင်းဖော်ပြထားသည်။ နေအိမ်အကျယ်ချုပ်ဖြင့် ဖမ်းဆီးထိန်းသိမ်းခံထားရသည့် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အတွက် “ကောင်း မွန်သော အရာများ” ကို စဉ်းစားဆောင်ရွက်ပေးနေကြောင်း မြန်မာစစ်ခေါင်းဆောင်က ပြောကြားခဲ့သည်ဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ဗုဒ္ဓဟူးနေ့ (ဧပြီလ ၂၂ ရက်) တွင် ထုတ်ဖော်ပြောဆိုသည်။ နေပြည်တော်တွင် ပြုလုပ်သည့် တွေ့ဆုံပွဲတွင် မင်းအောင်လှိုင်နှင့် ထိုင်းနိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဆီဟာဆက် […] The post ဖမ်းဆီးထားသော ဒေါ်အောင်ဆန်းစုကြည်ကို ကောင်းမွန်စွာ စောင့်ရှောက်ထားဟု မင်းအောင်လှိုင်က ထိုင်းနိုင်ငံခြားရေးဝန်ကြီးကို ပြော appeared first on Khit Thit Media .

Go to News Site