Collector
စလင်းနှင့် ပခုက္ကူမြို့နယ်တို့တွင် စစ်တပ် စစ်ကြောင်းများကို တိုက်ခိုက်မှု စစ်သားများ ထိခိုက်သေဆုံးမှုရှိနိုင် | Collector
စလင်းနှင့် ပခုက္ကူမြို့နယ်တို့တွင် စစ်တပ် စစ်ကြောင်းများကို တိုက်ခိုက်မှု စစ်သားများ ထိခိုက်သေဆုံးမှုရှိနိုင်
Khit Thit Media

စလင်းနှင့် ပခုက္ကူမြို့နယ်တို့တွင် စစ်တပ် စစ်ကြောင်းများကို တိုက်ခိုက်မှု စစ်သားများ ထိခိုက်သေဆုံးမှုရှိနိုင်

ရန်ကုန်၊ ဧပြီ ၂၃ မကွေးတိုင်း၊ စလင်းမြို့နယ်တွင် ကင်းလှည့်နေသော အကြမ်းဖက် စစ်တပ်စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက် ထိခိုက်မှုရှိနိုင်ကြောင်း ပြည်သူ့ညီနောင်- စလင်းသတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ကိုပြည်သူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။ ဧပြီလ ၂၁ ရက်နေ့ ညနေ ၆ နာရီခန့်တွင် စလင်းမြို့နယ်၊ စီရင်ဦးကျေးရွာဘက်သို့ စစ်သားနှင့် ပျူစောထီး ၂၀ ခန့်သည် စစ်ကြောင်းထိုး ဝင်ရောက်လာသောကြောင့် စီရင်ဦးကျေးရွာအနီးရှိ ဇရပ်နားတွင် တော်လှန်ရေးတပ်ဖွဲ့များက မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်းသိရှိရသည်။ ထိုမိုင်းဆွဲ တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိကြောင်း၊ တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် အကြမ်းဖက် စစ်သား ၁၀ ဦးခန့်သည် စစ်ကူရောက်ရှိလာပြီး ထိခိုက်ဒဏ်ရာရရှိသူများကို သယ်ထုတ်ကာ စလင်းမြို့ဘက် သို့ ပြန်လည် ဆုတ်ခွာသွားကြောင်း သိရသည်။ “စစ်ခွေးတွေဘက်တော့ ထိခိုက်သေဆုံးမှုရှိတယ်လို့သိရတယ်။ […] The post စလင်းနှင့် ပခုက္ကူမြို့နယ်တို့တွင် စစ်တပ် စစ်ကြောင်းများကို တိုက်ခိုက်မှု စစ်သားများ ထိခိုက်သေဆုံးမှုရှိနိုင် appeared first on Khit Thit Media .

Go to News Site