Khit Thit Media
ရန်ကုန်၊ ဧပြီ ၂၃ မန္တလေးတိုင်း ငါန်းဇွန်မြို့နယ်နှင့် KNU အုပ်ချုပ်မှုနယ်မြေ၊ မူးမြို့နယ်တို့တွင် အာဏာသိမ်းစစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းနှင့် လက်နက်ကြီးများအသုံးပြုကာ ကျေးရွာများကို ရည် ရွယ်ချက်ရှိရှိ ပစ်မှတ်ထားတိုက်ခိုက်ခဲ့သဖြင့် အမျိုးသမီးတစ်ဦး သေဆုံးပြီး ပြည်သူအချို့ ထိခိုက်ဒဏ်ရာရရှိကာ နေအိမ်များ ပျက်စီးခဲ့ကြောင်း သိရသည်။ ယမန်နေ့ ဧပြီလ ၂၂ ရက်နေ့ ညနေ ၅ နာရီကျော်အချိန်တွင် တံတားဦးလေတပ်မှ တက်လာသည့် ဂျက်ဖိုက်တာ တိုက်လေယာဉ်တစ်စီးက ငါန်းဇွန်မြို့နယ်၊ နတ်ကြီးကျေးရွာအတွင်းသို့ သုံးကြိမ်တိုင်တိုင် ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အပြင် စက်သေနတ်များဖြင့်ပါ ရမ်းသန်းပစ်ခတ်ခဲ့ကြောင်း၊ ယင်းတိုက်ခိုက်မှုကြောင့် နတ်ကြီးကျေးရွာမှ လူငယ်ပိုင်းအရွယ် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ရပြီး ဒေသခံ ၅ ဦး ထိခိုက်ဒဏ်ရာရရှိကာ နေအိမ် ၃ လုံး ပျက်စီးသွားခဲ့ကြောင်း သိရှိရသည်။ “စစ်ခွေးတွေ […] The post ငါန်းဇွန်နှင့်မူးမြို့နယ်တို့တွင် စစ်တပ်က လေကြောင်းနှင့် လက်နက်ကြီးများဖြင့် ပစ်မှတ်ထားတိုက်ခိုက်မှုကြောင့် ပြည်သူ ၁ ဦး သေဆုံးပြီး နေအိမ် ထိခိုက်ပျက်စီးမှုများရှိနေ appeared first on Khit Thit Media .
Go to News Site