Khit Thit Media
ရန်ကုန်၊ ဧပြီ ၂၃ ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်နှင့် သတွဲမြို့နယ်တို့ကို အကြမ်းဖက် စစ်တပ်က ၂ ရက်ဆက် လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ယမန်နေ့ ဧပြီလ ၂၂ ရက်နေ့ မွန်းလွဲ ၂ နာရီ ၃၁ မိနစ်နှင့် ၃၇ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်၏ တံတားဦးလေတပ်မှ တက်လာသော ဂျက်ဖိုက်တာ ၂ စီးသည် ကျောက်တော်မြို့နယ်၊ ပီချောင်းအတွင်းရှိ အာကာတောင်အနီးတဝိုက်ကို လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း၊ ထိုလေကြောင်း တိုက်ခိုက်မှုအတွင်း ပြည်သူများ ထိခိုက်မှုမရှိကြောင်း သိရသည်။ အလားတူ ယနေ့ ဧပြီလ ၂၃ ရက်နေ့ မွန်းလွဲ ၂ နာရီ ၄၀ မိနစ် ခန့်တွင်လည်း သံတွဲမြို့နယ်၊ […] The post ကျောက်တော်နှင့် သံတွဲမြို့နယ်ကို စစ်တပ်က ၂ ရက်ဆက် လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက် appeared first on Khit Thit Media .
Go to News Site