Khit Thit Media
ရန်ကုန်၊ ဧပြီ ၂၃ စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်တွင် လေပြင်းတိုက်ခတ်မှုကြောင့် အသက် ၈၀ ကျော်အရွယ် အဖွားအို ၁ ဦး သစ်ပင်ပိ၍ သေဆုံးပြီး စာသင်ကျောင်းနှင့် နေအိမ်များ ပျက်စီးခဲ့ကြောင်း ရေဦးမြို့နယ် အနောက်ခြမ်းဇုံ သတင်းဆက်သွယ်ရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ ဧပြီလ ၂၂ ရက်နေ့ ညနေပိုင်းတွင် ရေဦးမြို့နယ်အတွင်း လေပြင်းတိုက်ခတ်မှုကြောင့် မီးမောင်းကုန်းကျေးရွာမှ အသက် ၈၀ ကျော် အဖွားအို ၁ ဦး နေအိမ်ပြိုကျ၍ ထွက်ပြေးစဥ် သစ်ပင်ပိပြီး သေဆုံးခဲ့ကြောင်း၊ ထို့ပြင် စာသင်ကျောင်းနှင့် နေအိမ်များလည်း ပျက်စီးမှုရှိကြောင်း သိရသည်။ လက်ရှိချိန်တွင် လေပြင်း တိုက်ခတ်မှုကြောင့် ပြိုကျပျက်စီးသွားသော နေအိမ်များနှင့် စာသင်ကျောင်းများ ပြန်လည် […] The post ရေဦးမြို့နယ်တွင် လေပြင်းတိုက်ခတ်မှုကြောင့် အသက် ၈၀ ကျော်အရွယ် အဖွားအို ၁ ဦး သစ်ပင်ပိ၍ သေဆုံးပြီး စာသင်ကျောင်းနှင့် နေအိမ်များ ပျက်စီး appeared first on Khit Thit Media .
Go to News Site