Collector
ချောင်းသာနှင့်ငွေဆောင်ကမ်းခြေတို့တွင် လူရည်ချွန်စခန်းများ ဖွင့်လှစ်မည် | Collector
ချောင်းသာနှင့်ငွေဆောင်ကမ်းခြေတို့တွင် လူရည်ချွန်စခန်းများ ဖွင့်လှစ်မည်
Popular Journal

ချောင်းသာနှင့်ငွေဆောင်ကမ်းခြေတို့တွင် လူရည်ချွန်စခန်းများ ဖွင့်လှစ်မည်

Credit to Popular Journal - တိုင်းဒေသကြီးအတွင်းရှိ ချောင်းသာကမ်းခြေနှင့် ငွေဆောင်ကမ်းခြေတွင် လူရည်ချွန်စခန်းများကို နှစ်စဉ်ဖွင့်လှစ်ခဲ့ပြီး လူရည်ချွန်များအနေဖြင့် အပန်းဖြေခြင်းအပြင် ဒေသအတွင်း၌ရှိသည့် သိသင့်သိထိုက်သည့် လုပ်ငန်းများ၊ ဒေသထွက်ကုန်များအပြင် ဗဟုသုတများရရှိစေမည့်နေရာ၊ ဒေသများသို့ လေ့လာ၊ လည်ပတ်ခြင်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နှင့် ယခုအချိန်သည် ရာသီဥတုပူပြင်းသည့်အတွက် လူရည်ချွန်များ သက်သောင့်သက်သာဖြင့် သွားလာလည်ပတ်နိုင်ရေး ဆောင်ရွက်ပေးရန် လိုအပ်မည်ဖြစ်ကြောင်း တိုင်းဒေသကြီးဝန်ကြီးချုပ်က အဆိုပါအစည်းအဝေးတွင် ပြောကြားသည်။ ယင်းသို့လေ့လာလည်ပတ်သည့် အစီအစဉ်တွင် စနစ်တကျဖြစ်စေရေး ကြိုတင်စီမံဆောင်ရွက်ရန်လိုပါကြောင်း၊ လူရည်ချွန်များ၏ လုံခြုံရေး၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ ကိုလည်း စနစ်တကျဖြစ်အောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ လူရည်ချွန်မောင်မယ်များအတွက် အစားအသောက်များသည် သန့်ရှင်းလက်ဆတ်သော ဒေသ အစားအစာများဖြစ်စေရေး ကိုလည်း ဆောင်ရွက်ထားရှိရန်လိုအပ်မည်ဖြစ်ကြောင်း၊ လူရည်ချွန်မောင်မယ်များသည် အနယ်နယ် အရပ်ရပ်မှ လာရောက်သူများဖြစ်သဖြင့် မလိုလားအပ်သည့် အန္တရာယ်များမဖြစ်ပေါ်စေရန် သက်ဆိုင်ရာတာဝန်ရှိသူများက အလေးထားကြီးကြပ် […] The post ချောင်းသာနှင့်ငွေဆောင်ကမ်းခြေတို့တွင် လူရည်ချွန်စခန်းများ ဖွင့်လှစ်မည် appeared first on Popular .

Go to News Site