Collector
အရေးပေါ်အခြေအနေကြေညာထားသည့် မြို့နယ်များ ၌ နိုင်ငံတော်သစ္စာဖောက်ဖျက်ပုန်ကန်မှုအပါအဝင် စစ် ခုံရုံးဖြင့်စစ်ဆေးမည့်ပြစ်မှုများကိုအသိပေး | Collector
အရေးပေါ်အခြေအနေကြေညာထားသည့် မြို့နယ်များ ၌ နိုင်ငံတော်သစ္စာဖောက်ဖျက်ပုန်ကန်မှုအပါအဝင် စစ် ခုံရုံးဖြင့်စစ်ဆေးမည့်ပြစ်မှုများကိုအသိပေး
Popular Journal

အရေးပေါ်အခြေအနေကြေညာထားသည့် မြို့နယ်များ ၌ နိုင်ငံတော်သစ္စာဖောက်ဖျက်ပုန်ကန်မှုအပါအဝင် စစ် ခုံရုံးဖြင့်စစ်ဆေးမည့်ပြစ်မှုများကိုအသိပေး

Credit to Popular Journal - နိုင်ငံတော်သမ္မတရုံးက အရေးပေါ်အခြေအနေကြေညာထားသည့် မြို့နယ်များ၌ နိုင်ငံတော်သစ္စာဖောက်ဖျက်ပုန်ကန်မှုအပါအဝင် စစ်ခုံရုံးဖြင့်စစ်ဆေးမည့်ပြစ်မှုများအား တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ စစ်အုပ် ချုပ်ရေးအမိန့်အမှတ် ၃ / ၂ဝ၂၆ ဖြင့် ယနေ့ ဧပြီ ၂၃ ရက်က အသိပေးခဲ့သည်။ နိုင်ငံတော်သစ္စာဖောက်ဖျက်ပုန်ကန်မှု(ရာဇသတ်ကြီးပုဒ်မ ၁၂၂)၊ အစိုးရကိုအကြည်ညိုပျက်အောင်ပြုလုပ်မှု(ရာဇသတ်ကြီးပုဒ်မ ၁၂၄-က)၊ တပ်မတော်(သို့)တ ရားဥပဒေစိုးမိုးရေးအဖွဲ့၏ ဆောင်ရွက်မှုကိုနှောင့်နှေးစေခြင်း(သို့)ပျက်ပြားစေခြင်း(ရာဇသတ်ကြီးပုဒ်မ ၁၂၄-ဂ)၊ တပ်မတော်သားများ(သို့)အစိုးရအမှုထမ်းများကို ဟန့်တားခြင်း(သို့)နှောက်ယှက်ခြင်း(ရာဇသတ်ကြီးပုဒ်မ ၁၂၄-ဃ)တို့အားကျူးလွန်ပါက စစ်ခုံရုံးဖြင့်စစ်ဆေးမည်ဖြစ်သည်။ ရာဇသတ်ကြီးပုဒ်မ ၅၀၅၊ အစိုးရဝန်ထမ်းတစ်ဦးအား ပြစ်မှုကျူးလွန်စေရန်တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ ဖြစ်စေ ထိတ်လန့်စေခြင်း၊ သွေးထိုးလှုံ့ဆော်ခြင်း၊ မမှန်သတင်းများဖြန့်ခြင်း(ရာဇသတ်ကြီးပုဒ်မ ၅၀၅-က)၊ မတရားအသင်းအက်ဥပဒေအရပြစ်မှုများ၊ လက်နက်အက်ဥပဒေအရပြစ်မှုများ၊ လူသတ်မှု၊ လူသေမှု၊ မုဒိမ်း မှု၊ လုယက်မှု၊ ဓားပြမှု၊ အဂတိလိုက်စားမှု၊ ၁၉၉၃ ခုနှစ်၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရပြစ်မှုများကျူးလွန်ပါကလည်း စစ်ခုံရုံးဖြင့်စစ်ဆေးမည်ဖြစ်သည်။ ပြည်သူပိုင်ပစ္စည်းကာကွယ်ရေးအက်ဥပဒေအရပြစ်မှုများ၊ […] The post အရေးပေါ်အခြေအနေကြေညာထားသည့် မြို့နယ်များ ၌ နိုင်ငံတော်သစ္စာဖောက်ဖျက်ပုန်ကန်မှုအပါအဝင် စစ် ခုံရုံးဖြင့်စစ်ဆေးမည့်ပြစ်မှုများကိုအသိပေး appeared first on Popular .

Go to News Site