Khit Thit Media
ရန်ကုန်၊ ဧပြီ ၂၄ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်၊ အမှတ် ၇၂ ရပ်ကွက်တွင် နေထိုင်သည့် အမှတ် ၁ ဆောက်လုပ်ရေးအင်ဂျင်နီယာတပ်ရင်းမှ ဒုအရာခံဗိုလ်ဇော်ချို၏ တူဖြစ်သူ မောင်ထက်ဝေယံကို စစ်ကောင်စီတပ်က စစ်မှုထမ်းရန်အတွက် အတင်းအကျပ် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း အဆိုပါလူငယ် ၏ ဆွေမျိုးများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ဧပြီလ ၂၀ ရက်နေ့တွင် ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်၊ အမှတ် ၇၂ ရပ်ကွက်အုပ်ချုပ်ရေးမှူး နီတွတ်က မောင်ထက်ဝေယံကို စစ်မှုထမ်းရန် အလှည့်ကျသည်ဟုဆိုကာ နေအိမ်သို့လာရောက်၍ အတင်းအကျပ် ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်သည်ဟု သိရသည်။ မောင်ထက်ဝေယံသည် ယခင်က လုပ်ငန်းခွင်အတွင်း အလုပ်လုပ်ကိုင်ရင်း ဦးနှောက်နှင့် ဦးခေါင်း ထိခိုက် ဒဏ်ရာ ရရှိခဲ့သူဖြစ်ပြီး ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ ဦးနှောက်နှင့် အာရုံကြောဌာနတွင် တက်ရောက်ကုသမှု ခံယူခဲ့ရသူဖြစ်သည်။ ၎င်းသည် ၂၀၂၅ […] The post တောင်ဒဂုံတွင် ဒုအရာခံဗိုလ်ဇော်ချို၏ တူဖြစ်သူ ဦးနှောက်နှင့်ဦးခေါင်း ထိခိုက်ထားသော မောင်ထက်ဝေယံကို စစ်တပ်က စစ်မှုထမ်းရန် အတင်းအကျပ် ခေါ်ဆောင်သွား appeared first on Khit Thit Media .
Go to News Site