Khit Thit Media
ရန်ကုန်၊ ဧပြီ ၂၄ ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ဆွမ်ဟရန်ရွာအနီး ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ဒုဗိုလ်မှူးကြီး သန့်ဇော်ဦး အပါအဝင် သေဆုံးသူများပြားပြီး စစ်တပ်က အထိနာ၍ လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း ဒေသစစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ ဧပြီလ ၂၃ ရက်နေ့တွင် ဖလမ်းမြို့နယ်၊ ဆွမ်ဟရန်ရွာအနီး စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်တပ်နှင့် ချင်းတော်လှန်ရေးတပ်ဖွဲ့များ ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ဒုဗိုလ်မှူးကြီး သန့်ဇော်ဦး အပါအဝင် သေဆုံးသူများပြားခဲ့ကြောင်း သိရှိရသည်။ ထိုတိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ အထိနာခဲ့သောကြောင့် ဧပြီလ ၂၃ ရက်နေ့မှ စတင်ပြီး ယနေ့ နံနက်ပိုင်းထိ လေယာဉ်ဖြင့် ဆက်တိုက်ဗုံးကျဲနေပြီး မြို့ပေါ်သို့ ထပ်မံ စစ်ကြောင်းထိုးနိုင်ရန် […] The post ဖလမ်း၊ ဆွမ်ဟရန်ရွာအနီး ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း စစ်တပ်ဘက်မှ ဒုဗိုလ်မှူးကြီး သန့်ဇော်ဦး အပါအဝင် သေဆုံးသူများပြားပြီး စစ်တပ်က အထိနာ၍ လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက် appeared first on Khit Thit Media .
Go to News Site