Khit Thit Media
ရန်ကုန်၊ ဧပြီ ၂၄ ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့သို့ ရောက်ရှိနေသော စစ်မှုထမ်းတပ်သား တစ်ဦးသည် လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်လာကြောင်း KNDF တပ်ရင်းနှင့် မုံရွာခရိုင် ပကဖ လက်ရုံးတပ် ၊ လျှပ်စီးတပ်ခွဲ တို့ထံမှ သိရသည်။ လွန်ခဲ့သည့်မတ်လအတွင်းက လွိုင်ကော်မြို့နယ်၊ နွားလဝိုးကျေးရွာရှိ ဂိတ်စခန်းတစ်ခုတွင် တာဝန်ကျနေသော စစ်မှုထမ်းတပ်သား ရဲကိုဝင်းက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များထံ အလင်းဝင်ရောက်လိုကြောင်း မုံရွာခရိုင် ပကဖ လက်ရုံးတပ်၊ လျှပ်စီးတပ်ခွဲ တာဝန်ခံ ဗိုလ်မိုးကြိုးထံ ဆက်သွယ်ခဲ့ကြောင်း၊ ထို့ကြောင့် ဗိုလ်မိုးကြိုးမှ ထောက်ပို့စစ်သည်တော် မရွှေဂျူးထံ အကူအညီတောင်းခံခဲ့ရာ ၎င်းမှတစ် ဆင့် KNDF တပ်ရင်းတစ်ခုသို့ ချိတ်ဆက်ပြီး ခေါ်ထုတ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ “ဒီရက်ပိုင်းထဲကျမှပဲ သွားခေါ်ထုတ်နိုင်ခဲ့တာပါ။ သေနတ်ကတော့ MA-3 တစ်လက်၊ ကျည်ဘောက် ၃ ဘောက်နဲ့ […] The post လွိုင်ကော်မြို့သို့ ရောက်ရှိနေသော စစ်မှုထမ်းတပ်သား ရဲကိုဝင်း လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင် appeared first on Khit Thit Media .
Go to News Site