Popular Journal
Credit to Popular Journal - မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF) က ကြီးမှူး၍ နွေရာသီအခြေခံဘောလုံးသင်တန်း (အခမဲ့) ဒုတိယအပတ်စဥ်ကို ယနေ့ ဧပြီ ၂၅ ရက်နံနက် ၇ နာရီက ရန်ကုန်အကယ်ဒမီ မြက်ခင်းတုကွင်း၌ဖွင့်လှစ်ရာ သင်တန်းသား/သူအများအပြားတက်ရောက်သင်ကြားလျက်ရှိသည်။ သင်တန်းကို လူငယ်များ နွေရာသီကျောင်းပိတ်ရက်အတွင်း အချိန်ကိုအကျိုးရှိစွာအသုံးပြုနိုင်စေရန်နှင့် အခြေခံဘောလုံးနည်းစနစ်များ မှန်ကန်စွာတတ်မြောက်စေရန် ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်သည်။ အဆိုပါ နွေရာသီအခြေခံဘောလုံးသင်တန်း (ဒုတိယအပတ်စဉ်) ကို “Learn – Play – Enjoy” အစီအစဉ်အတိုင်း ပျော်ရွှင်စွာလေ့ကျင့်သင်ကြားပေးသွားမည်ဖြစ်သည်။ The post သင်တန်းသား/သူအများအပြားတက်ရောက်နေသည့် MFF ၏ နွေရာသီအခြေခံဘောလုံးသင်တန်း (အခမဲ့) ဒုတိယအပတ်စဉ် appeared first on Popular .
Go to News Site