Popular Journal
Credit to Popular Journal - မန္တလေးမြို့၏ လူစည်ကားရာ မီးပွိုင့်များ၌ အရိပ်ရ အမိုးအကာများ တပ်ဆင်ပေးလျက်ရှိသည်။ ထိုသို့ တပ်ဆင်ပေးခြင်းအားဖြင့် မီးပွိုင့်မိချိန်၌ ဆိုင်ကယ်၊ စက်ဘီးစီးသူများ အပူဒဏ်သက်သာစေမည် ဖြစ်သည်။ ယင်းသို့တပ်ဆင်ပေးမှုကို မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုနှင့် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ အဆောက်အအုံနှင့် ကုန်ရုံဌာနမှ တပ်ဆင်ပေးနေခြင်းဖြစ်သည်။ လက်ရှိ၌ ၂၆×၇၃၊ ၃၀×၇၃ နဲ့ ၃၅×၇၈ လမ်းထောင့်များ၌ တပ်ဆင်ပြီးစီးထားပြီးဖြစ်ကာ ကျန်နေရာများကိုလည်း တပ်ဆင်နိုင်ရန် ဆက်လက်တိုးချဲ့လုပ်ဆောင်လျက်ရှိနေသည်ဟု သိရသည်။ Photo – Mandalay View The post မန္တလေးမြို့ရှိ မီးပွိုင့်များ၌ အရိပ်ရ အမိုးအကာများ တပ်ဆင်ပေး appeared first on Popular .
Go to News Site