Popular Journal
Credit to Popular Journal - ယူကရိန်းစစ်ပွဲနှင့် စီပွားရေးအင်အားကြီးနိုင်ငံအပေါ် အနောက်နိုင်ငံများ၏ အပြင်းထန်ဆုံး အရေးယူပိတ်ဆို့မှုများရှိနေသော်လည်း ရုရှားဘီလျံနာများသည် ပြီးခဲ့သည့်နှစ်အတွင်း ၎င်းတို့၏ ပိုင်ဆိုင်မှုကို ၁၁ ရာခိုင်နှုန်းအထိ တိုးမြှင့်နိုင်ခဲ့ပြီး ဒေါ်လာ ၆၉၆ ဒဿမ ၉ ဘီလျံအထိရောက်ရှိခဲ့ကြောင်း ဖောဘီးစ်ရုရှားမှ ဖော်ပြခဲ့သည်။ ရုရှား၏ အချမ်းသာဆုံးပုဂ္ဂိုလ်များအားလုံးသည် ရုရှားနိုင်ငံ၏ ဆယ်စုနှစ်များစွာကြာ ကမ္ဘာ့ဈေးကွက်များသို့ တင်ပို့ခဲ့သော သဘာဝအရင်းအမြစ်များစွာနှင့် ဆက်စပ်နေပြီး ကုန်သွယ်စီးဆင်းမှုများ အနှောင့်အယှက်ကြုံရခြင်းကြောင့် ကုန်စည်ဈေးနှုန်းများမြင့်တက်သွားသည်နှင့်အမျှ ၎င်းတို့၏ ပိုင်ဆိုင်မှုမှာ မြင့်တက်လာခဲ့သည်။ သို့ရာတွင် စာရင်း၏ ထိပ်ဆုံးတွင် ဘီလျံနာအသစ်များ ထွက်ပေါ်ခြင်းမျိုးမရှိကြောင်း ဖောဘ့်စ်က မှတ်ချက်ပြုခဲ့သည်။ ရင်းနှီးမြှပ်နှံမှုကုမ္ပဏီ Severgroup ၏ ဒါရို-က်တာချုပ် အလက်ဇီ မော်ဒါရှော့ဗ်ကို ရုရှား၏ အချမ်းသာဆုံးဘီလျံနာအဖြစ် ဖော့ဘ်စ်က အဆင့်သတ်မှတ်ခဲ့ပြီး ၎င်း၏ ပိုင်ဆိုင်မှုသည် ဒေါ်လာ ၃၇ ဘီလျံဖြင့် ယမန်နှစ်ကထက် ၈ […] The post စစ်ပွဲနှင့်ပိတ်ဆို့မှုများကြားမှ ရုရှားဘီလျံနာများ ၁၁ ရာခိုင်နှုန်းပိုချမ်းသာလာ appeared first on Popular .
Go to News Site