Popular Journal
Credit to Popular Journal - စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့ ၊ မြို့မရပ်ကွက်ရှိ ဇဗ္ဗူမင်္ဂလာ မီးကွင်းကျောင်းတိုက် ဗိမာန်အောက်ထပ်တွင် သက်ကြီးရွယ် ဘိုးဘွားများ အပူဒဏ်အန္တရာယ် ကာကွယ်နိုင်ရန်အတွက် အပူရှောင်စခန်း ဖွင့်လှစ်ထားကြောင်း သိရသည်။ တမူးခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၏ စီစဉ်ကြီးကြပ်မှုဖြင့် တမူးမြို့နယ်အတွင်း နေထိုင်ကြသည့် သက်ကြီးရွယ်အို ဘိုးဘွားများ အပူဒဏ်အန္တရာယ် ကာကွယ်နိုင်ရန်အတွက် အပူရှောင်စခန်းကို ဖွင့်လှစ်ထားရှိခြင်းဖြစ်သည်။ တမူးမြို့နယ်တွင် အသက် ( ၈၀ )နှစ်နှင့်အထက် သက်ကြီးရွယ်အို ကျား (၅၄)ဦး ၊ မ (၇၅) ဦး စုစုပေါင်း (၁၂၉) ဦးရှိပြီး အပူဒဏ်ရှောင်သည့် သက်ကြီးရွယ်အိုများအားသက်ဆိုင်ရာ ဌာနများ ပူးပေါင်း၍ လိုအပ်သော ကျန်းမာရေး စောင့်ရှော က်မှုများ ဖြည့်ဆည်းပေးနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ထားကြောင်းလည်း သိရသည်။ အပူရှောင်စခန်း ဖွင့်လှစ်ထားရှိသည့်နေရာသို့ တမူးခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ […] The post တမူးမြို့တွင် သက်ကြီးရွယ်အိုများအတွက် အပူရှောင်စခန်းဖွင့်လှစ်ထား appeared first on Popular .
Go to News Site