Collector
လျှပ်စစ်ဓာတ်အားခငွေလက်ခံကောင်တာများကို (၃) ရက်ဆက်တိုက်ပိတ်မည် | Collector
လျှပ်စစ်ဓာတ်အားခငွေလက်ခံကောင်တာများကို (၃) ရက်ဆက်တိုက်ပိတ်မည်
Popular Journal

လျှပ်စစ်ဓာတ်အားခငွေလက်ခံကောင်တာများကို (၃) ရက်ဆက်တိုက်ပိတ်မည်

Credit to Popular Journal - ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း (YESC)၏ လျှပ်စစ်ဓာတ်အားခငွေလက်ခံကောင်တာများကို ဧပြီ ၂၉ ရက်၊ ဧပြီ ၃၀ ရက်နှင့် မေ ၁ ရက်အထိ (၃)ရက်ဆက်တိုက်ပိတ်မည်ဟု YESC ကအသိပေးခဲ့သည်။ ဧပြီ ၂၉ ရက်သည် ဗုဒ္ဓဟူးနေ့ အပတ်စဥ်ရုံးပိတ်ရက်ဖြစ်ပြီး ဧပြီ ၃၀ ရက်သည် ကဆုန်လပြည့်နေ့၊ မေ ၁ ရက်သည် အလုပ်သမားနေ့တို့ဖြစ်၍ လျှပ်စစ်ဓာတ်အားခငွေလက်ခံကောင်တာများကိုပိတ်ရခြင်းဖြစ်သည်ဟု အသိပေးခဲ့သည်။ ယနေ့ ဧပြီ ၂၅ ရက်၊ ဧပြီ ၂၆ ရက်၊ ဧပြီ ၂၇ ရက်နှင့် ဧ ပြီ ၂၈ ရက်နေ့တို့တွင်မူ နံနက် ၀ နာရီမှ နေ့လည် ၃ နာရီအထိ လျှပ်စစ်ဓာတ်အားခ ငွေလက်ခံကောင်တာများကိုဖွင့်လှစ်ထားမည်ဟုလည်း YESC ကအသိပေးခဲ့သည်။ The post လျှပ်စစ်ဓာတ်အားခငွေလက်ခံကောင်တာများကို (၃) ရက်ဆက်တိုက်ပိတ်မည် appeared first on Popular .

Go to News Site